အချစ်ကို ရှာရင် အချစ်ကိုတွေ့ပါတယ်။
ဝမ်ရိပေါ်ကိုရှာချင်ရင်တော့ ရှောင်းကျန့်ရင်ခွင်ထဲမှာရှိပါတယ် ဟီးဟီး။
•
•
•
"အေးနေပြီလား ကိုကို့ကလေးလေး"
ရိပေါ်ရဲ့ လက်လေးတွေကို ကိုကိုက ကိုင်ထားတယ်။ ဆောင်းတွင်းဝင်လာပြီမို့ ရာသီဥတုက ခပ်အေးအေး။
ခပ်အေးအေးပေမဲ့ ကိုကိုက ဖက်ထားပေးတာကြောင့် နွေးနွေးထွေးထွေးရှိပါတယ်။
"နှာခေါင်းတွေ နီနေတယ်"
"အင်း အေးတာကို"
"မုန်လာဥနဲ့တူတယ်"
ရှောင်းကျန့်ရဲ့ လက်ကို ကုန်းကိုက်ပစ်လိုက်တယ်။ အလကားနေ တွေ့သမျှပစ္စည်းနဲ့ လိုက်လိုက်နှိုင်းနေတာပဲ။
"ကိုက်ပြန်ပြီ"
"မကျေနပ်ရင်ပြန်ကိုက်"
ရှောင်းကျန့်ကတော့ ခေါင်းလုံးလုံးကို ပွတ်ဖွလိုက်ပြီး ခပ်ဖြေးဖြေးလေးရယ်တယ်။ ချစ်စရာကောင်းတဲ့ ပုံစံကတော့ ငယ်ငယ်တုန်းက အတိုင်းပါပဲ။ ရာသီဥတုအေးရင် နှာခေါင်းထိပ်လေးရဲနေတတ်တဲ့ အဖြူလုံးလေးကလည်း အရင်တိုင်းပါပဲ။
"ကားမထွက်တော့ ကိုကိုတို့ ဆူခံရတော့မှာပဲ"
"ဒီလောက်အေးနေတာကို ဘယ်သူက ရေခဲမုန့်စားမှာလဲ"
"မနေ့ကတော့ အရူးလေးတစ်ယောက်က စားတာပဲ"
မနေ့က ရိပေါ်ညဘက်ကြီး စားစရာမတွေ့လို့ ရေခဲမုန့်ကလေး စားမိပါတယ် ပြောလို့ကိုမပြီးတော့ဘူး။
"ကိုကိုပဲပြန်သိမ်းသွားတာလေ"
"မင်းက ချောင်းဆိုးတာကို... ညကျ ချောင်းသံတဟမ့်ဟမ့်နဲ့ အိပ်မရဘူး"
"ကြာလာတော့ ငြိုငြင်ပြီ"
"မဟုတ်တာကွာ"
ရှောင်းကျန့်က ဒီကလေးကို တုန်နေအောင်ချစ်ပေမဲ့ တခါတလေ ငြိုငြင်ပြီ မချစ်တော့ဘူးဆိုတဲ့ စကားကြားရင်တော့ စိတ်ဆိုးချင်တာအမှန်ပဲ။
ဒီကလေးက အလိုလိုက်ရင် သိပ်ကို ရောင့်တက်ချင်တယ်။
"ငြိုငြင်နေပြီမလား ... မချစ်တော့ဘဲနဲ့များ"
![](https://img.wattpad.com/cover/252185349-288-k717241.jpg)