ဒီနေ့ မူကြိုပိတ်တယ်။ အဲ့ဒါကြောင့် ရိပေါ်ရဲ့ စိတ်ကလေးအရမ်း အရမ်းကိုမှ ပျော်ရွှင်နေပါတယ်။ အိပ်ရာက အစောကြီးမထချင်တဲ့ရိပေါ်က မူကြိုပိတ်ရက်ဆို နေမင်းကြီး ခေါင်းပေါ်ရောက်တဲ့အထိ အိပ်လို့ရတယ်လေ။
အိပ်ပျော်နေတဲ့ ရိပေါ်လေးက မျက်ဝန်းကျဉ်းကျဉ်းလေးတွေ ခပ်မှေးမှေးဖွင့်လာတော့ မေမေက ပကျွတ် ပကျွတ်လို့ အသံပြုပြီး သူ့တင်ပါးကလေးကိုဖွဖွပုတ်တယ်။ မေမေ့ရင်ခွင်ကြီးထဲ ရိပေါ်တိုးဝင်ပြီး ကွေးလိုက်တယ်။ မေမေ့ဆီက ရတဲ့ ရနံ့မွှေးမွှေးကလေးကိုသူသိပ်ကြိုက်တာပဲ။
"မေမေ..."
"အွန်း ... ကလေး"
"ရုံးသွားဝူးလား"
"အွန်း မေမေဒီနေ့နားတယ်လေ"
"ဪ ..ဟုတ်သား... သားနည်းနည်းမေ့သွားတာ"
"အိပ်ဦးနော်... ကလေးလေးတွေက အိပ်ရေးဝမှ ချစ်စရာကောင်းတာ"
ရိပေါ်ပေါက်စလေးရဲ့ မျက်လုံးလေးတွေ ပြန်မှိတ်သွားတယ်။ ဝမ်မားကတော့ အိမ်ရဲ့ အဖိုးတန်လေးဖြစ်တဲ့ ကလေးလေးရဲ့ နဖူးလေးကို နမ်းရှုံ့လိုက်လေတယ်။ မနေ့တနေ့ကတင် ဖရဲသီးလို လုံးဝန်းနေတဲ့ သူ့ဗိုက်ထဲက သန္ဓေသားလေးဟာ သိပ်ကိုချစ်ဖွယ်ကောင်းတဲ့ ကလေးငယ်လေး အဖြစ်ကောင်းကောင်းကြီးပြင်းလာခဲ့ပါတယ်။
-
-
-
"မား ဂျုံမှုန့်ကျန်သေးတယ် မဟုတ်လား"
အထုပ်တွေ ဆွဲပြီးစေျးထဲက ထွက်လာတဲ့ ရှောင်းသားအမိ။ ရှောင်းကျန့် သတိပေးနေလျက်နဲ့ ဂျုံမှုန့်ဝယ်ဖို့ ကျန်ဖြစ်အောင်ကျန်ခဲ့တယ်။
" မား ... အဲ့ဒါဆို သားပြေးဝယ်လိုက်မယ်နော် ... စောင့်နေ နော်"
အထုပ်တွေကို အသာချလို့ စေ◌ျးဝန်းထဲ ပြန်ပြေးဝင်သွားတဲ့ သားလေးရဲ့ ကျောပြင်က အားကိုးချင်ရမယ့်အငွေ့အသက်တွေ ပြည့်လျှံနေခဲ့ပါတယ်။
ပိုက်ဆံလေး လက်မှာ ဆုပ်လို့ စျေးဝန်းထဲ ပြေးဝင်လာတဲ့ ရှောင်းကျန့်လေးဟာ အားရီဟုန်ရဲ့ ကုန်ခြောက်ဆိုင်ရှေ့မှာ ရပ်လိုက်တယ်။
