"မရိုက်နဲ့လို့ ရှောင်းကျန့်ရ သေပါပြီ"
"အင့်.... "
ပြောလေကဲလေ မန်းလေပြဲလေဆိုတာ ရှောင်းကျန့်မှ ရှောင်းကျန့်။ ရေခဲမုန့်ကားက အသစ်ပြင်ထားတာမို့ အတွင်းပိုင်းအလှဆင်တာကို နှစ်ယောက်အတူတူလုပ်နေပေမဲ့ အားတိုင်း တင်ပါးကိုလာလာရိုက်နေတာပဲ။
စိတ်မရှည်လို့ ရိပေါ်က ပြန်ရိုက်ရင်လည်း အော်ခံရဥိးမယ်။
"ကိုကိုနော် ပြန်ရိုက်မှာ"
ရိုက်ပေါ့ဆိုတဲ့ပုံစံနဲ့ မျက်ခုံးပင့်လိုက်တာများ။ ဝမ်ရိပေါ် နှုတ်ခမ်းတွေကိုသာထော်လန်ပြီး လက်သီးနဲ့ ရွယ်လိုက်တယ်။ ငယ်ငယ်ကတည်းကနေ အခု အိမ်ထောင်ပြုလိုက်တဲ့အထိကို အနိုင်ကျင့်တုန်း။
"မရိုက်နဲ့လို့..."
ဗြန်း***
ဒီတစ်ခါတော့ ဝမ်ရိပေါ်လက်ဥိးသွားသည်။ မာမာကျစ်ကျစ် ဖျင်လူံးလုံးကို ဖြန်းကနဲနေအောင်ရိုက်ပစ်လိုက်တယ်။ မှတ်ကရော!
"နာလား"
"မနာပါဘူးနော်"
ဖြန်း***
"နာတယ်ဟ!"
"ကိုကိုပဲ မနာဘူးဆို"
"အားကြီးနဲ့လုပ်မှတော့ နာမှာပေါ့"
လမ်းထဲမှာရပ်ထားတဲ့ ကားပေါ်မှာမို့ လမ်းဖြတ်သွားတဲ့ ကောင်မလေးနှစ်ယောက်က ကိုကို့စကားကြားပြီးရယ်သွားကြသေးသည်။ ဒီအာပြဲနဲ့တော့ !!
"တိုးတိုးပြောလေ... "
"ဘာဖြစ်လဲ... ဖျင်ရိုက်ခံရလို့ရိုက်ခံရတယ်ပြောတာ"
"ဟာ... ကိုကိုရာ"
ရိပေါ်အကျယ်ကြီး အော်ရယ်လိုက်မိတော့တယ်။ တကယ်လည်း ရယ်ချင်စရာကြီးပဲလေ။ ဘာမှမဟုတ်တာကို ပြိုင်ငြင်းနေတာ။ ပြီးတော့ ဟုတ်တာလည်းမဟုတ်ဘူး။ သူရယ်တော့ ကိုကိုကပါ လိုက်ရယ်သည်။
"ပေါလိုက်ကြတာ"
ကိုကိုက ပြောပြီး အငြိမ်မနေ...ရိပေါ်တင်ပါးကို လက်ဖဝါးနဲ့ ဖျစ်သွားသေးတယ်။
ကြာလာရင် လက်ရောင်လိုက်ပြီး ကြီးလာတော့မှာပဲ။
•