ကိုကိုက အဆောင်ပြောင်းမှာသေချာသလောက်ရှိနေပြီ။
အထုပ်အပိုးတွေ နည်းနည်းစီထုပ်နေတဲ့ ကိုကိုက ရှောင်းမာမားတို့ကိုလည်း ကူဖို့မမေ့။ သူ့ကိုလည်းရေခဲမုန့်တစ်ခွက်နဲ့ ချော့ဖို့မမေ့။
ရိပေါ်က တကယ်စိတ်မကောင်းဘူး။
ခြေသလုံးတုတ်တုတ်ကလေးတွေနဲ့ လက်သေးသေးလေးတွေရှိတဲ့ အရွယ်ပုစိကလေးကတည်းက ကိုကိုက ရိပေါ်အတွက် ခိုနားရာလေးလိုဖြစ်နေတာ။
ကိုကိုကဆိုးရင် ရိပေါ်က စိတ်ကောက်မယ်။ ရိပေါ်ဆိုးပြတဲ့အခါ ကိုကိုစိတ်တိုမယ်။
ရိပေါ်က ကိုကို့ကိုပဲချစ်ပြီးရစ်ချင်သလို ကိုကိုက ရိပေါ်ကိုပဲ ချစ်ပြီးရင်းချစ်စေချင်တာ။
ရှောင်းကျန့်ဆိုတဲ့ အဲ့ကိုကိုက တက္ကသိုလ်ဆိုတာကြီးတက်ပြီးရင် ရိပေါ်ကိုအရင်လိုအချိန်မပေးတော့လောက်ဘူး။
အထက်တန်းတုန်းကလို ကောင်မလေးတွေအများကြီးကိုကို့အနားမှာဝိုင်းဝိုင်းလည်နေတော့မှာ။
ရိပေါ်ရင်ထဲတကယ်မကောင်းလိုက်တာ...။
သူတို့အမြဲတမ်းသွားလေ့ရှိတဲ့ ပန်းခြံလေးက ဒန်းလေးမှာရိပေါ်က လာထိုင်လေ့ရှိတယ်။
ကိုကိုကသူ့ကိုအမြဲလာရှာတယ်။ ရေခဲမုန့်လေးတစ်ခွက်နဲ့။
ချောကလက်ပူရှိန်း အရသာရေခဲမုန့်သိပ်ကြိုက်တဲ့ကိုကိုက ရေခဲမုန့်မစားတော့ပြန်ဘူး။
ရိပေါ်ကတော့ အထက်တန်းကျောင်းသားဖြစ်ခါနီးပေမယ့် ကိုကိုတို့ဆိုင်က ရေခဲမုန့်မှန်သမျှကို စွဲစွဲလန်းလန်းစားတုန်း။ ကိုကိုယူလာပေးတဲ့ရေခဲမုန့်ဆို ပိုမှန်မယ်။
"ကိုကိုက ရေခဲမုန့်မစားတော့ဘူးနော်"
"အင်း မစားတော့ဘူး သိပ်မကြိုက်တော့လို့"
"ဒီလောက်ကောင်းတာကို"
ဝေဖါကတော့လေးထဲက ရေခဲမုန့်ကို အားပါးတရကိုက်ချရင်း စူပုပ်ပုပ်ပြောတော့ ကိုကိုက သူ့ကိုရယ်တယ်။ ပြီးတော့ ဝက်ကလေးလို့ခေါ်ပြီး ဆံပင်ကိုဖွပြန်တယ်။