🚒 🚨
ညနေစာစားပွဲပြီးတော့ သူတို့နှစ်ယောက်အပါအဝင်အားလုံးက မလှုပ်ချင်လောက်အောင်ပင်ပန်းနေကြပြီဖြစ်တယ်။
ကိုကိုကတော့ လူကြားထဲ ငိုမိသွားတာရော သူ စ နောက်လိုက်မိလို့ရော နည်းနည်းလေးတော့ စိတ်ကောက်ချင်နေတယ်။
အခုလည်း မာမားတို့နှစ်ဖက်ပေါင်းပြီး လက်ဖွဲ့ထားတဲ့ လုံးချင်းအိမ်လေးကိုရောက်တော့ စကားမပြောတဲ့ အပြင် ကုတင်တဖက်ခြမ်းမှာ သွားထိုင်နေတာ သူ့ကိုကို။
"ယောက်ျားရေ... "
အင်္ကျီလဲဖို့ပြင်နေတဲ့ ကိုကို့ကို ပျော့ကွက်ကိုင်ရမှာ ရိပေါ်အလုပ်ပဲ။ အခေါ်အဝေါ်ကို ကြက်သီးထစရာကောင်းအောင်ခေါ်ချလိုက်တယ်။
နည်းနည်းတော့ ကသိကအောင့်နိုင်ပေမယ့် နောက်ပိုင်းဆို နေသားကျသွားမယ်ထင်တာပဲ ။
ခါးကို သွားဖက်တော့ ဖက်လိုက်မိတဲ့ သူလက်တွေကို အပေါ်ကနေအုပ်မိုးပြီးကိုင်လိုက်တယ်။
"ကိုယ်နားချင်ပြီ"
သေချာတာပေါ့... စနေသားဟာ စိတ်ကောက်ပါပြီ။
"မနားရပါဘူး... ဘယ်သူက မင်္ဂလာဆောင်တဲ့ညမှာ အစောကြီးနားလို့လဲ"
ရိပေါ်က ကိုယ့်စကားကိုယ်ကြားပြီး ကြက်သီးတောင်တဖြန်းဖြန်း။
"စကားလေးဘာလေး ပြောမယ်ပြောတာပါ"
"ကိုကိုက နားတယ်ကွာ ဟုတ်ပြီလား"
အဆုံးထိ စိတ်ကောက်မပြေသေးတဲ့ကိုကိုမို့ ရိပေါ်ကလည်း လက်မလျှော့နိုင်။ သူစလိုက်တာ တော်တော်လေးလွန်သွားသည်မဟုတ်လား။
"ဟာ ကိုကိုရာ... "
ရှောင်းကျန့်က ရယ်ချင်စိတ်ကို ကြိတ်ထိန်းရပြန်တယ်။ ဘယ့်နှယ့် ဒီကလေး။
"မင်းကို ကိုကိုစိတ်ဆိုးနေတာနော်"
"မင်္ဂလာဆောင်တဲ့နေ့ကြီးလေ"
"ပြီးတော့ မင်္ဂလာဦးညမှာကို"
ရိပေါ်က ဘာဖြစ်နေမှန်းမသိအောင်ချစ်ဖို့ကောင်းနေတော့တာပဲ။
"ကိုကိုက ဟိုမှာ အကျင့်ပျက်လာတာ"
ဇာတ်လမ်းတွေဟာ စတင်ပါပြီ။ စိတ်ကောက်ခြင်းရဲ့ မြှားဦးဟာ ရှောင်းကျန့်ဖက်ကိုလှည့်ပြီ။
![](https://img.wattpad.com/cover/252185349-288-k717241.jpg)
KAMU SEDANG MEMBACA
Iᴄᴇ Cʀᴇᴀᴍ ♡︎
Fiksi PenggemarIce Cream [𝚄𝚗𝚒𝚌𝚘𝚍𝚎 𝙾𝚗𝚕𝚢] Date - 22.12.2020 End - 18.06.2023