"ကိုကိုရေ... !!!"
ရှောင်းကျန့်က အလယ်တန်းပထမနှစ်စာမေးပွဲဖြေရတော့မယ်။ စာမေးပွဲကြီးတွေကို ပထမဆုံးဖြေရတာမို့ နည်းနည်းတုန်လှုပ်နေမိတာတော့တကယ်ပဲ။ စိတ်လှုပ်ရှားတယ်ခေါ်မလားပေါ့။ ရှောင်းကျန့်တကယ်ပဲ စိတ်လှုပ်ရှားနေတယ်။
အမှတ်များများနဲ့ အောင်ချင်တဲ့ ရှောင်းကျန့်က သင်္ချာကိုတော့ နည်းနည်းကြောက်တယ်။
အမှတ်များရင် ပါပါးက သူ့ကို ဂိမ်းစက်ဝယ်ပေးမယ်လို့လည်းပြောထားတာကြောင့် သင်္ချာကိုပါ သူကြိုးစားရတော့မှာမို့ ဒီပိတ်ရက်မှာ သင်္ချာတွေ လေ့ကျင့်နေရတယ်။
ရိပေါ်လေးကို မတွေ့ရတာ တစ်ရက်နဲ့ နေ့တစ်ပိုင်းရှိပါပြီကော။
လုံးတစ်လေး အကြောင်းတွေးမိတော့ ခြံဝက အသံဆာဆာက နားထဲကို တန်းတန်းမှတ်မှတ်ဝင်လာတော့တာပဲ။
"ဝေ..."
"သားသား သူငယ်ချင်း"
အိမ်ရှေ့ထွက်လာကြည့်တော့ ခြေနင်းပါတဲ့ သုံးဘီးတပ်စက်ဘီးပုစိလေးဘေးမှာ ချောကလက်ကိတ်လိုမျိုး အသားအရည်နဲ့ လူမျိုးခြားကလေးပေါက်စလေးတစ်ယောက်က ခပ်တည်တည်လေးရပ်နေတယ်။
"ဘီးအသစ်လား ဝမ်ပုစိ"
"ဟုတ်တယ် ပါပါးသူငယ်ချင်းပေးတာ...ပြီးတော့ ဒီမှာ သားသူငယ်ချင်းပါရှို"
ဖောင်းတစ်တစ်လက်ဖြူဖြူကလေးတွေက ဖောင်းတစ်တစ်နဲ့ လက်ညိုညိုကလေးကိုသွားဆွဲပြီးမြှောက်ပြတယ်။
"Hello!"
"အယ်... He..hello"
"ကိုကို သူက ပူပူး"
"ဟေး နော့ထ် ပူပူး... အိုင်မ် ဘူဘူ"
"ဪ... ဘူဘူ"
"အင်း သူက ဘူဘူ... အင်္ဂလိပ်လိုပဲကြောတတ်တာ"
ရှောင်းကျန့် မျက်ခုံးတွေပင့်တက်သွားတယ်။ ရိပေါ်လို အချေကောင်လေးက အင်္ဂလိပ်လိုပဲ ပြောတဲ့ လူမျိုးခြားလေးကို ဖော်ရွေနေလေရဲ့။
"သူတို့က သားသားတို့ ဘေးအိမ်ကိုပြောင်းလာတာ သူ့ဘွားဘွားနဲ့"