"ရိပေါ်... ဟေ့ ကိုကို့ဝမ်ဝမ်လေး... "
ဘတ်စ်ကားလည်းမစီးဘဲ မှောင်ရီပျိုးစညနေခင်းမှာ တတောက်တောက်နဲ့ လျှောက်ပြီး အိမ်ပြန်ဖို့ကြိုးစားနတဲ့ ရှောင်းကျန့်ရဲ့ကလေးလေး။
ခေါ်နေတဲ့ နာမည်မျိုးစုံကိုလည်း လျစ်လျူရှုထားတဲ့ ဝမ်ရိပေါ်က စိတ်အကြီးကြီးကောက်တော်မူနေတာ အသေအချာပဲ။
"ဟေး!!!"
"ရိပေါ်လို့!!!"
ပြေးလိုက်ပြီးလက်ကိုအတင်းဆွဲတော့ရုန်းကန်လို့။
"ရိပေါ်ကလည်းကွာ... မောတယ်လေ"
"ဖယ်စမ်းပါ... ကတိဖျက်တယ် အယုတ်တမာကောင်ကြီး"
လက်ကို အတင်းဖယ်ချနေတဲ့ ထိုကောင်လေး။
"ဘာလို့ ရုတ်တရက်ကြီး စိတ်ဆိုးသွားတာလဲ ကိုကို့ရိပေါ်က"
"ဘာကိုရုတ်တရက်ကြီးလဲ"
"အင်းလေ အခု ရုတ်တရက်ကြီးလေရွှမ်လီနဲ့ ဆိုင်ထိုင်တုန်းရှိသေးတာကို"
"ဟွန်လို့... "
မေးနေတာကိုမဖြေဘဲ နှုတ်ခမ်းကြီးကိုက်ပြီး မျက်လုံးတွေကခပ်ရဲရဲ။
"ရည်းစားမထားဘူးဆို"
"အွန်းလေ... ထားလို့လား"
"လက်ကိုင်တယ်လေ... "
"လက်ကိုင်တိုင်းရည်းစားဆို ရိပေါ်ကိုကို့ရည်းစားလုပ်မလား"
"ဟာ..."
မျက်ဆံလေးတွေလှုပ်ခတ်လို့ ဟိုကြည့်ဒီကြည့်ပုံစံလေးက တအားကို ဖျစ်ညစ်ပြီး ငိုသွားအောင်စလိုက်ချင်စရာ။
"လာဦး ဖက်ထားဖို့"
"မဖက်နဲ့... ဖက်ရမယ့် ဆက်ဆံရေးမဟုတ်ဘူး"
"ဒါဆို ဖန်တီးကြမယ်လေ"
"သွား... လာမကိုင်နဲ့"
မျက်နှာဖောင်းဖောင်းလေးရဲ့ ပါးဖောင်းဖောင်းတွေကို လက်နဲ့အသာဆွဲကိုင်တော့ လက်ကိုပုတ်ချပြီး မျက်စောင်းတွေထိုးပြန်တယ်။
"ရွှယ်လီက ကိုကို့သူငယ်ချင်းပါ... စျေးရောင်းပွဲတော်နေ့က သူ့ချစ်သူနဲ့ရန်ဖြစ်ပြီးပြတ်မလိုသွားတာ... အဲ့ဒါကိုကိုက ဟန်ဆောင်တွဲပေးပြီး သူ့ကောင်လေးကိုသဝန်တိုအောင်လုပ်တာ"