ရိပေါ်လေးက ကိုကိုကပ်ပေးတဲ့ လိပ်လေးတွေပါတဲ့ ပလပ်စတာကို မခွာချင်လို့ ရေချိုးခါနီး ဝမ်မာမားနဲ့ နောင်ဂျိန်ချရသေးတယ်။
"ကိုကိုကပ်ပေးတာမို့ ခွာပါဘူး..."
"သားငယ် မဆိုးစမ်းနဲ့... မာမားအသစ်လဲပေးမယ်လို့ဆိုနေ"
"ဟင့်အင်း လဲဝူး... လဲဝူးဆိုနေ"
"ရိုက်ရမှာလား..."
"ဟွန့်"
ခြေထောက်ဆောင့်ပြီး ရေချိုးခန်းထဲကနေ ဘောက်ဆတ်ဆတ်နဲ့ ထွက်သွားရင်း ဧည့်ခန်းထဲမှာ ကိုယ်လုံးတီးနဲ့ ငုတ်တုတ်ကလေးထိုင်လို့။
"အဲ့ဒါဘာဖြစ်တာလဲ အားပေါ်"
"ဟွန့်"
"ဝမ်ငယ်... "
နာမည်ပေါင်းစုံနဲ့ အော်ခေါ်လည်းမရတဲ့ ရိပေါ်ကို ဝမ်မားကစိတ်မရှည်တော့ဘူးရယ်။
"အေး မေမေ့စကားသားနားမထောင်ရင် မေမေက ရေခဲမုန့်ကားဆီမခေါ်သွားတော့ဘူး"
"ပူတယ်နော် မေမေ... သားကိုရေချိုးပေးပါဦး"
ဝမ်ရိပေါ်က တကယ့်လူညစ်ကလေးပါဆို။
~~~~~
လေတဖြူးဖြူးတိုက်ခတ်နေတဲ့ ညနေခင်းလေးမှာ မြက်စိမ်းလေးတွေက လန်းဆန်းလို့ ပန်းခြံတခွင်ကျရောက်နေတဲ့ ဝင်ခါနီး နေရောင်ခြည်ဟာ တိုးညှင်းလို့ ။နွေရာသီကျောင်းပိတ်ရက်မို့ ရပ်ကွက်ထဲက ရှိသမျှ ကလေးတွေ ပန်းခြံထဲရောက်နေတယ်ထင်ရလောက်အောင်လူတွေများနေခဲ့တယ်။
မြက်ခင်းစိမ်းစိမ်းပေါ်မှာ အားပါးတရထိုင်ချရင်း တုတ်ထိုးသကြားလုံးကို ပါးစပ်အပြည့် ငုံထားတဲ့ ဝမ်ဖောင်းဖောင်းကတော့ သကြားလုံးရဲ့အရသာကိုပဲ ခံစားနေမိပါတယ်။
"ဟိတ်!"
"ဟီး... ကိုကို... "
"ရောက်တာကြာပြီလား.... တစ်ယောက်တည်းထိုင်နေတယ် "
"ဟိုးမှာ မေမေတို့ရှိတယ်"
လက်ညှိုးသေးသေးကလေးက ညွှန်ပြလိုက်တဲ့နေရာမှာ ထိုင်နေတဲ့ အန်တီဝမ်က လက်လှမ်းပြတာနဲ့ ရှောင်းကျန့်ရဲ့ စိုးရိမ်မှတ်က တစ်ထစ်လျော့သွားပါပြီ။