ရည်းစားထားရတာ အရမ်းကို ပျော်စရာကောင်းပြီးတော့ ရင်ခုန်စရာကောင်းတယ်။
ဒါကို မခံစားဖူးသေးရင် ရည်းစားရှာဖို့ ဝမ်ရိပေါ်ဆိုတဲ့ သခင်လေးက အကြံပေးချင်ပါတယ်။
•
•
•
ဒီနေ့က ကိုကို့စာမေးပွဲပြီးသွားတဲ့အပတ်ရဲ့ တနင်္ဂနွေနေ့ဖြစ်တယ်။ ကိုကိုက date လုပ်ဖို့ပြောထားတာကြောင့် ကိုကို့ရည်းစားလေးက အိပ်လို့တောင်မပျော်ဘူး။
"မာမား သား ဒီလိုဝတ်ထားတာ လိုက်ရဲ့လား"
ရိပေါ်က အပေါ်က ပန်းရောင်ဟူဒီလေးနဲ့ စတိုင်ပန့်အဖြူရောင်လေးကို sneaker ပန်းရောင်လေးနဲ့ တွဲဝတ်ထားတယ်။
"ငါ့သားက ဖင်တုန်းလုံးလေး လျှောက်ပြေးနေရင်တောင် ကြည့်ကောင်းတယ်"
"ဟာ မာမားကလည်း ဘယ်လိုကြီးလဲ"
မာမားက ရိပေါ်ရဲ့ တင်ပါးကို ဖြန်းခနဲချပြီး လိုက်တယ် လိုက်တယ် ငါ့ သားလေးကြည့်လို့အကောင်းဆုံးလို့ပြောပြီး မီးဖိုခန်းထဲဝင်သွားတယ်။
"ရင်ခုန်လိုက်တာ"
ရင်ဘတ်ကလေးဖိပြီး ခပ်ဖွဖွလေးရေရွတ်ရတယ်။ ရိပေါ် ရင်တွေ တအားကိုခုန်နေတယ်။
"ရိပေါ်လေးရေ"
ရင်ခုန်ခုန်နဲ့ မာမားထည့်ပေးတဲ့ မနက်စာတွေကို အပီကြိတ်နေချိန်မှာ ကိုကိုက အိမ်ထဲဝင်လာတယ်။ လွယ်အိတ်သေးသေးလေးတွေ လွယ်တတ်တဲ့ရှိတဲ့ကိုကိုက သူလက်ဆောင်ပေးထားတဲ့ beanie ဦးထုပ်လေးကို ဆောင်းထားတယ်။ ကိုကိုက အဝါရောင်Hoodie လေးနဲ့။
"အားကျန့် မင်းပါ ဝင်စားသွားဦးလေ...အားရီတစ်ပွဲပြင်လိုက်မယ်"
ရှောင်းကျန့်က စားလာပြီးသားဖြစ်ပေမယ့် အားရီဝမ်လက်ရာကိုလည်း ခုံမင်တာမို့ ငြင်းမနေတော့ဘူး။
ရိပေါ်ကတော့ နားရွက်ဖျားတွေနီပြီး ခေါက်ဆွဲတွေကို အတင်းပါးစပ်ထဲ ထိုးသွပ်နေတယ်။
"အားကျန့် ထပ်ယူချင်ရင်ပြောဦးနော်... မင်း ကောင်လေးကတော့ မနက်ကတည်းက မယိုးမယွနဲ့ ဂဏာကို မငြိမ်ပါဘူးကွယ်"