ဇာတ်လမ်း ဘယ်ကစမလဲ?
အိုခေ... သားအကြောင်းစပြောရင်းစတာပေါ့။ သားနာမည်က ဝမ်ရိပေါ်လို့ခေါ်ပါတယ်။ ဖေဖေနဲ့ မေမေက ချောချောလေးမို့ သားကလည်း အခုလိုချစ်စရာကောင်းတဲ့ ကလေးလေးအဖြစ်မွေးဖွားလာပါတယ်။
သားကတော့ ဖေဖေနဲ့ မေမေ့ကို အချစ်ဆုံး။ ပြီးတော့ မေမေခေါ်သွားတဲ့ ကစားကွင်းက အကြွေစေ့ထည့်ပြီးစီးရတဲ့ ပြိုင်ကားအစိမ်းရောင်ကို အကြိုက်ဆုံး။ မေမေ ပလာဇာက ဝယ်လာပေးတဲ့ အစိမ်းရောင်ဝတ်စုံကို အကြိုက်ဆုံး။ ဖေဖေ ဝယ်ပေးထားတဲ့ အစိမ်းရောင် သိုးမွေးဦးထုပ်ကိုလည်း အကြိုက်ဆုံး။
ပြီးတော့ သားက သကြားလုံးကြိုက်တယ်။ မေမေလုပ်ကျွေးတဲ့ နံရိုးပေါင်းခေါက်ဆွဲကိုကြိုက်တယ်။ အိမ်မှာ အဲ့ဒါလုပ်ကျွေးတဲ့နေ့ဆို ရိပေါ်လေးက နှစ်ပန်းကန်တောင်စားပစ်တာသိလား။ အဲ့ဒါက တအားကောင်းတယ်။
သားက နောက်ထပ် ဘာကြိုက်သေးလဲဆိုရင်... သကြားလုံးကြိုက်တယ်။ ဘွားဘွားတို့စားတဲ့ မန်ကျည်းသကြားလုံးချဉ်ချဉ်ကြီးကိုတော့ မကြိုက်ပါဘူး။
ဪ... ပြီးတော့ ရေခဲမုန့်လည်းကြိုက်တယ်။ ဗနီလာအိုက်စခရင်မ်ကို ချောကလက်နှစ်ကလေး ဆမ်းထားတာဆို ရိပေါ်ရဲ့ အကြိုက်ဆုံး။
"ရိပေါ် !!! ရေခဲမုန့်တွေထပ်စားပြန်ပြီ!"
ရေခဲမုန့်ဘူးကြီးကို ပေါင်ကြားထဲညှပ်ပြီး ပါးစပ်က အင်တာဗျူးဖြေနေသလို တတွတ်တွတ်ရှင်းပြနေတဲ့ သားတော်မောင်ကြောင့် ဝမ်မား သွေးတက်ရတယ်။
ဘယ့်နှယ့် ဒီကလေးဟာ သိပ်တဇွတ်ထိုးလေး။
ဝမ်မားပြောတာကို မကြားခင်ယောင်ဆောင်ပြီး စတီးဇွန်းအပြည့် ရေခဲမုန့်ကို ပါးစပ်ထဲထည့်လိုက်ပြန်တယ်။
"အားပေါ်... ထမင်းကျမစားဘူး ရေခဲမုန့်တွေ မနေ့ကတင် တစ်ဘူးကုန်ထားတာလေ"
"ဖေဖေ့ အပြစ်... ဖေဖေဝယ်ပေးတာ"
ဝမ်မားက ခါးမှာစည်းထားတဲ့ အေပရွန်ကို ချွတ်ပြီး ထမင်းစားပွဲရဲ့ထိုင်ခုံနောက်မှီပေါ်ကို လွှားပြီးတင်လိုက်တယ်။
![](https://img.wattpad.com/cover/252185349-288-k717241.jpg)