ရှောင်းကျန့်က ရိပေါ်လေးအတွက် ကားစက်ရုပ်လေး ဝယ်လာတယ်။ ပုံဆွဲစာအုပ်တွေဝယ်ဖို့ စုထားတဲ့ စုဘူးကို ဖောက်လိုက်တော့ စျေးနည်းနည်းကြီးတဲ့ ကားအရုပ် အစိမ်းရောင်ကလေးကို ဝယ်ပေးနိုင်တယ်လေ။
ပိုက်ဆံတွေက ပြန်စုလို့ရပါတယ်။
ရိပေါ်ပေါက်စလေးအတွက်ပျော်ရွှင်ခြင်းတွေကတော့ အချိန်တ်ုင်းပေးချင်တာကြောင့် ရှောင်းကျန့်က မနှမြောဖြစ်နေတော့တာပဲ။ကားစက်ရုပ်အစိမ်းရောင်ကလေးက ကားလေးအဖြစ်လည်း ရီမုကွန်ထရိုးနဲ့ဆော့လို့ရသလို စက်ရုပ်လိုပြန်ချိုးပြီးလည်း ဆော့လို့ရတာကြောင့် ရိပေါ်လေးသဘောကျမှာ အသေအချာပါပဲ။
ရိပေါ်လေး ပျော်သွားမှာကို တွေးမိပြီး ပျော်ပေမယ့် ရိပေါ်ကို မြန်မြန်နေကောင်းစေချင်တဲ့စိတ်တွေလည်း ရှောင်းကျန့်မှာ အများကြိးပြည့်နှက်နေရတယ်။
ဆေးရုံရှေ့ရောက်တော့ ကားရပ်လိုက်တာနဲ့ ရှောင်းကျန့်က ခြေလှမ်းအကျယ်ကြီးတွေလှမ်းပြီး အထဲကို ဝင်ပြေးသွားတယ်။
" ကျန့်ကျန့် ဖြေးဖြေးသွားလေ"
မားမားရဲ့အသံက ခပ်လှမ်းလှမ်းမှာကြားတယ်။
ဝင်ဝင်ခြင်းမှာတွေ့ရတဲ့ ကြိုဆိုလက်ခံရေးနေရာမှာ ခပ်ဝဝ အမျိုးသမီးနာ့စ်ကြီးတစ်ယောက်ထိုင်နေတယ်။"အားရီ... ဝမ်မျိုးရိုး ကလေးလူနာကို တွေ့ချင်လို့ပါ... သားက သူ့အစ်ကိုပါ"
ရှောင်းကျန့်က အရုပ်ထုပ်လေးပိုက်ပြီး အသနားခံတဲ့ မျက်ဝန်းလေးတွေနဲ့မေးတော့ နာ့စ်ကြီးက အခန်းနံပါတ်ကို ချက်ချင်းပဲ ပြောပါတယ်။
"183 မှာ ကလေး... ဒီလှေကားထောင့်မှာ ဓာတ်လှေကားရှိတယ်... သုံးလွှာကိုသွားနော် ထောင့်ဆုံး အခန်းပဲ"
နာ့စ်အမျိုးသမီးက ညွှန်ကြားသမျှ ကို ရှောင်းကျန့် နှုတ်ခမ်းလေး ပွစိပွစိရွတ်ရင်း သွားတယ်။ မာမားတို့လား... လိုက်လာပါလိမ့်မယ်။ ရှောင်းကျန့်က အရမ်းအလျင်လိုနေတယ်။ သူ နေမကောင်းတဲ့ရိပေါ်ဘေးကို အမြန်ဆုံးရောက်ချင်နေတာကြောင့်လေ။
လှေကားထောင့်ရောက်သွားတာနဲ့ အခန်းနံပါတ် 183 ကို တန်းတန်းမတ်မတ်တွေ့တော့တာပဲ။
![](https://img.wattpad.com/cover/252185349-288-k717241.jpg)