3.Mary

2K 96 7
                                    

DIARIES

ညနေကျောင်းဆင်းတော့မိုးကဖွဲဖွဲလေးရွာလာပြန်သည် ။ ရောင်းန်းမှာအချိန်တိုင်းလိုလိုမိုးရွာနေတတ်သည်။ မိုးသားတိမ်မဲတွေမြင်ရပြီဆိုသည်နှင့်မိနစ်ပိုင်းအတွင်းပင်မိုးတွေရွာချတော့သည်။ သာမန်မိုးပြေးလေးတွေပဲမဟုတ် မထင်မှတ်ထားတဲ့အချိန်တွေမှာရွာတတ်တဲ့မိုးက တကိုယ်လုံးလည်းရွဲသွားစေနိုင်သည်။

ကျောင်းကားပေါ်ကအဆင်း အချိန်ကိုက်ကာမိုးရွာလာတော့ထီးသယ်ရမှာပျင်းတဲ့ဇီ့ကို ထီးအတင်းထည့်ပေးလိုက်တဲ့မေမေ့ကိုပဲကျေးဇူးတင်ရသည် ။ မိုးကတဖြေးဖြေးပိုပိုသည်းလာသည် ။ ကျောင်းကားက bakerလမ်းထိပ်ထိပဲပို့ပေးလို့ ဇီဆင်းပြီးလမ်းဆုံးတဲ့အထိလျှောက်ရသည် ။

ဇီကမိုးရွာတာကိုသဘောကျသည် ။ထီးမပါပဲတောင်လျှောက်သွားရတာလည်းကြိုက်သည်။ အခုလည်းထီးစောင်းထားပေမယ့်လွယ်အိတ်ကိုလုံအောင်ဂရုစိုက်ပြီးစောင်းရတော့ ကိုယ္ကမိုးရေတွေနဲ့ရွဲနေတော့သည် ။ မိုးရေထဲမှာလမ်းလျှောက်ရင်ခံစားချက်နှစ်မျိုးရတယ်။ မိုးအစိုခံပြီးလမ်းလျှောက်ရတဲ့လွတ်လပ်တဲ့အရသာမျိုး...။ နောက်တစ်မျိုးကတော့...မေမေပြောတာပါဇီကသိပ်နားမလည်သေးပါဘူး။ လွမ်းလို့ကောင်းသည်တဲ့လေ...။ ဇီကတော့ဒီအခြေနေလေးကိုပဲ ၊ ဒီလွတ်လပ်တဲ့အရသာလေးကိုပဲကြိုက်သည်။

Baker လမ်းအဆုံးမှာ bc cafe ဆိုတဲ့နာမည်နဲ့ချစ်စရာကောင်းတဲ့ကော်ဖီဆိုင်လေးတစ်ဆိုင်ရှိသည် ။ ထိုဆိုင်လေးကကမ်ဘာပေါ်မှာဇီအကြိုက်ဆုံးနေရာလေးပေါ့ ။ ဇီနဲ့မေမေ့ရဲ့အင်အားလေးနဲ့ဖြစ်လာတဲ့ဆိုင်လေး ။ ဇီ့ရဲ့သုခဘုံ ၊ ဇီ့ရဲ့အိမ်မက်ကမ်ဘာကြီးတစ်ခုလုံးပါပဲ။

ဝါဖျော့ဖျော့အလင်းရောင်နဲ့ဆိုင်ထဲကိုကြည့်လိုက်လျှင် လှပပြီးကျက်သရေရှိတဲ့အသက်လက်ပိုင်းအမျိုးသမီးက ဧည့်သည်တွေကို ချိုသာစွာပြုံးရွှင်လျှက်ဧည့်ခံနေသည်ကိုမြင်ရမည်ဖြစ်သည်။ အဲ့ဒီ့လှပပြီးကျက်သရေရှိတဲ့အမျိုးသမီးကဇီ့မေမေပါပဲ။ မေမေကသူ့ဆိုင်မှာလာတဲ့ဧည့်သည်တိုင်းကိုစိတ်ချမ်းသာအောင်အမြဲပြုံးထားသည် ။ မေမေ့သဘာဝကလည်းရွှင်ပြတဲ့မျက်နှာမျိုးရှိတာကြောင့်သူ့ကိုမြင်ရတာအေးချမ်းနေတာဖြစ်မည်ထင်သည်။

DIARIESWhere stories live. Discover now