8.At that moment i was fell in love

1.2K 73 0
                                    

ဇီကျောင်းကနေပြန်ရောက်လာတဲ့တစ်ညနေ....မေမေကဆိုင်မှာရှိမနေဘူး။ ဆိုင်ကအမကိုမေးတော့ နေ့လည်တည်းကမေမေအိမ်ကိုပြန်သွားသည်တဲ့။ မေမေကဇီ့ကိုဘာမှမပြောပဲ ဒီလိုပျောက်မသွားတတ်ပါဘူး။ ဇီမေမေ့ကိုစိတ်ပူလို့ တွမ်နဲ့စာလုပ်မယ့်ကိစ္စကိုဖျက်လိုက်ပြီးအိမ်ကိုပြန်လာခဲ့သည် ။

အိမ်တံခါးဖွင့်ဖွင့်ချင်းတည်းက မေမေရှိုက်သံကိုကြားလိုက်ရသည် ။ ဇီ့ခေါင်းတွေပူထူသွားပြီး အိမ်ထဲကိုပြေးဝင်သွားလိုက်သည်။ မေမေကအိမ်ရှေ့ကဆိုဖာပေါ်မှာထိုင်ရင်းငိုနေသည် ။ ဇီမေမေ့ခြေရင်းမှာသွားထိုင်လိုက်ပြီး

"မေမေ..ဘာဖြစ်လို့လဲ"

"ဇီ့ရဲ့ကြီးကြီးဆုံးသွားပြီတဲ့..."

"သူတို့မေ့ဆီက ထွက်သွားကြပြန်ပြီ.."

ဇီမေမေ့ကိုပြန်ဖတ်ထားပြီးနှစ်သိမ့်လိုက်သည်။ ကြီးကြီးကိုဇီကသာဆူလွန်းလို့ သိပ်မကြိုက်ပေမယ့်မေမေကသူ့ကို အရမ်းချစ်သည် ။ ဖေဖေ့ရဲ့အမျိုးတွေထဲကဇီတို့ကိုကြိုဆိုတဲ့ တစ်ယောက်တည်းသောသူကကြီးကြီးပဲရှိသည်လို့မေမေကထင်သည် ။ ဇီကတော့အဲ့လို့မထင်ပါဘူး ကိုကိုကလည်းဇီ့ကိုချစ်တာပဲ...။

ဇီငယ်ငယ်တည်းကဆုံးသွားတဲ့ဖေဖေ့ကို ဇီသေချာမမှတ်မိဘူး။ ဖေဖေဆုံးတော့ ဇီနဲ့မေမေကို လက်ဒ်မြို့ကဖေဖေ့အမျိုးတွေကခေါ်ထားသည်။ ဖေဖေ့ရဲ့အစ်မကြီးဖြစ်တဲ့ကြီးကြီးကဇီတု့ိကိုထောက်ပံ့ထားရသည်။ ဇီဒီအရွယ်ရောက်တဲ့အထိမေမေကကြီးကြီးတို့အကူအညီကိုယူခဲ့ပေမယ့် နောက်တော့ဇီတို့အခုလိုပဲကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ရောင်းန်းကိုပြောင်းလာခဲ့ကြတယ်။

ကြီးကြီးဆုံးသွားတာနဲ့ပတ်သက်ပြီးတော့ ဇီဘာမှအရမ်းကြီးမခံစားရပါဘူး။ ကြီးကြီးကိုမချစ်လို့လည်းပါမှာပေါ့...မဟုတ်ရင်လည်း ဇီကိုယ်တိုင်ကသေဆုံးခြင်းရဲ့အဓိပ္ပါယ်ကိုမသိသေးတာဖြစ်ပါလိ်မ့်မည် ။ ဇီတော့အဲ့ဒီ့အရာကိုဘယ်တော့မှမသိပါရစေနဲ့လို့ဆုတောင်းမိပါသည် ။

ထိုညကပဲအထုတ်တွေထည့်ပြီးမေမေကလက်ဒ်ကိုပြန်ဖို့ပြင်သည် ။

DIARIESWhere stories live. Discover now