6.Blind dancer

1.2K 76 0
                                    

ဂျေမရှိလို့တိတ်ဆိတ်နေတဲ့အိမ်က လူကိုရူးသွားအောင်လုပ်နိုင်တယ်။ ဘယ်နေရာမဆိုသူ့ပုံရိပ်တွေချည်း ၊ ခပ်မှေးမှေးအိပ်ပျော်သွားရင် ဘေဘီဆိုတဲ့အသံလေးကြောင့်နိုးနိုးလာရတာအမော။ ဒါပေမယ့်မေရီ့အိမ်မက်တွေပါပဲ သူမဟုတ်ခဲ့ပါဘူး။ သူမေရီ့ကို ထိုနေ့ကလွင့်ပစ်ခဲ့ပြီပဲ...။ မေရီတို့ကြားကကြိုးတွေကဒီလိုလွယ်လွယ်နဲ့မဖြစ်နိုင်ပါဘူး..ဆိုတဲ့ယုံကြည်ချက်ဟာလည်းမေရီ့ဘက်ကအမြင်မှား၊ အယူမွားသက္သက္သာလား...။

အလှကြိုက်တဲ့ဂျေဟာ လှတဲ့မိန်းမတိုင်းကိုသဘောကျတယ်။ ဒါပေမယ့်သူအကြိုက်ဆုံးအရုပ်ဟာမေရီပဲဆိုပြီး ဒါကိုမေရီဂုဏ်ယူနေခဲ့တာ...။ အကြိုက်တွေဟာပြောင်းလဲတတ်မှန်းမသိခဲ့တာဟာမေရီ့အပြစ်ပဲလား...။

ညေနကbasketballခန်းမမှာအကတိုက်နေကြတုန်းဂျေ့ကားကိုမေရီမြင်လိုက်သည် ။ ဂျေကကားပေါ်ကဆင်းလာပြီးကနေတာကိုရပ်ကြည့်နေသည်။ မေရီအလှဆုံးဖြစ်အောင်အမြဲကနေခဲ့တာဂျေ့ကြောင့်ပါ...။ ဒါပေမယ့်မေရီဘယ်လောက်ပဲလှအောင်ကြိုးစားကြိုးစား...သူ့မျက်လုံးတွေကထိုမိန်းကလေးဆီမှာပဲ။ ရေဗင်...မေရီ့ဆီကဂျေ့ကိုလုယူသွားတဲ့သူ။

မေရီတို့ခဏနားကြတော့သူခန်းမထဲကိုဝင်လာသည် ။ ရေဗင်ကမေရီ့အရှေ့နားမှာပဲရပ်နေပြီးဂျေကမေရီတို့နှစ်ယောက်ဆီတည့်တည့်လျှောက်လာသည်။ အသံကျယ်ကျယ်နဲ့အကခန်းမတစ်ခုလုံးကိုကြားအောင်သူအော်လိုက်သည်။

"Bae..ဖြတ်ခဲ့လိုက်တော့အချိန်နီးနေပြီ"

မေရီနေရာမှာပဲလှုပ်လို့မရအောင်မတ်တပ်ရပ်နေမိတယ် ။ အပြုံးတစ်ခုတောက်ပနိုင်ဖို့သူ့ဆီကအလင်းရောင်လေးပဲလိုအပ်တာပါ။ ဂျေ...မေ့ကိုကြည့်ပါ။ စိတ်ထဲကဂျေမေရီ့ကိုကြည့်ဖို့အကြိမ်ကြိမ်ဆုတောင်းနေမိပေမယ့်....။ ဂျေမေရီ့ဆီလာတယ်ဆိုရင်ပဲမေရီဘယ်တော့မှစိတ်မကောက်တော့ဘူးလို့ဂျေ့ကိုကတိပေးပါ့မယ် ၊ လူတွေအားလုံးရှိလည်းဂျေ့ကိုမေရီနမ်းမယ် ၊ မေရီကဂျေပိုင်တဲ့လူ ဂျေကမေရီ့လူဆိုတာတလောကလုံးကိုကြေညာလိုက်မယ်လေ....။

ဒါပေမယ့်....ဂျေကမေရီ့ကိုမကြည့်ပါဘူး ။ ရေဗင့်ဆီမှာပဲအကြည့်တွေကရပ်သွားခဲ့တယ်။ ယောင်လို့တောင်ရေဗင့်အနောက်မှာအနောက်မှာရပ်နေတဲ့မေရီ့ကိုမကြည့်ခဲ့ပါဘူး...။ တလောကလုံးမှာအလှဆုံးပန်းပွင့်လေးဆို...၊ ကိုကို့အချစ်ဆုံးဆို။ မေရီကိုမျက်လုံးလေးစောင်းကြည့်ဖို့တောင်စိတ်မပါတော့ဘူးလား။

DIARIESWhere stories live. Discover now