9.Third person between us

1.1K 78 2
                                    

ချစ်ရတဲ့ ရှိန်းရေ....

ညတိုင်းညတိုင်းထိုသို့တိုင်တည်ကာ အနက်ရောင်ကောင်းကင်ကြီးကိုငေးရင်းဇီ ဒိုင်ယာရီတွေရေးဖြစ်သည်။ ရှိန်းသတိမထားမိပေမယ့် ဇီမှာတော့ တစ်ဖက်သက်အမှတ်တရတွေအများကြီးရှိပါသည်။

ဇီတို့ဖိနပ်အရောင် အတူတူစီးမိတဲ့နေ့ ၊ ဒါကေတာ့ တိုက်ဆိုင်တာမဟုတ်ပဲ ဇီလုပ်ယူမိတာပါ။ ရှိန်းနဲ့တူအောင်မေမေကို အဖြူရောင် nike sneakerလေးမရမကပူဆာမိတယ်။ ရှိန်းကိုကျောင်းမှာတွေ့ရင်ဇီ့ဖိနပ်လေးဇီကြည့်ပြီး ကြိတ်ကာကြည်နူးဝမ်းသာနေရတဲ့အမှတ်တရမျိုးပေါ့...။

ဒါပေမယ့်တနေ့တော့ မုန့်စားဆောင်ကကျောင်းသားတွေအားလုံးကြားဇီတို့နှစ်ယောက်သာအနီရောင်အနွေးထည်ကိုအတူတူဝတ်မိကြတယ်။ ပုံစံချင်းမတူပေမယ့် အရောင်ချင်းအတူတူပဲ ဇီတို့ကလူကြားထဲမှာအတွဲတွေလိုထင်းနေတာပဲ...။ ဟင်း...ရှိန်းကတော့သတိမထားမိဘူးမဟုတ်လား။

ဇီ့မှာအဲ့ဒီ့လိုအမှတ်တရသေးသေးလေးတွေအများကြီးရှိပါသည်။ တစ်ခါတလေရှိန်းဇီ့ကိုခပ်လှမ်းလှမ်းက လှမ်းမြင်ပြီးပြုံးပြသွားတဲ့အချိန်လေးတွေ..၊ မုန့်စားဆောင်ကအပြန် လျှောက်လမ်းကျဉ်းလေးထဲဇီတို့မျက်လုံးချင်းဆုံပေမယ့် နှစ်ယောက်လုံး ပြုံးပြနှုတ်ဆက်ဖို့တောင်မေ့နေကြတဲ့အခါမျိုး ၊ သန့်စင်ခန်းကအပြန်ရှိန်းနဲ့သူငယ်ချင်းတွေကိုတွေ့လိုက်လို့ အခန်းထဲရောက်ခါနီးမှ သန့်စင်ခန်းကိုတစ်ခါထပ်သွားမိလို့စာသင်ချိန်တွေနောက်ကျခဲ့ဖူးတယ်။ ကျောင်းဆင်းတော့ ဇီရှိန်းနောက်ကနေတိုးတိုးလေးလိုက်လာမိတဲ့အချိန်လေးတွေကိုလည်း ရှိန်းသတိမထားမိဘူးမဟုတ်လား။ ဇီ့အတွက်တော့အမှတ်တရတွေချည်း..။ ထိုတခဏလေးတွေမှာရှိန်းရဲ့အပြုံးလေးတစ်ခုရလိုက်ရင်ပဲ ဇီ့အတြက္ကဆုလာဘ္တစ္ခုပါပဲ။

ကျောင်းသားကောင်စီမှာ အင်္ဂလိပ်ဆရာမကအမှတ်စာရင်းတွေထုတ်ဖို့ ဇီနဲ့တွမ့်ကိုတာဝန်ပေးလိုက်တယ်။ ရှိန်းက ကျောင်းသားကောင်စီဥက္ကဌဆိုတာ ဥက္ကဌထိုင်ခုံပေါ်မှာရှိန်းကိုတွေ့နေရတာတောင်ဇီမယုံနိုင်သေးဘူးလေ။ တံခါးကြားလေးထဲကရှိန်းကိုဇီခိုးကြည့်နေမိလို့တွမ်တောင်တံတောင်နဲ့တွတ်ပြီးဇီ့ကိုသတိပေးရတယ်။

DIARIESWhere stories live. Discover now