Page-1

14K 131 2
                                    

Both unicode and Zawgyi available

လက်ဒ် ဟုအမည်ရသည့်တောင်တန်းတွေပေါ်ကမြို့လေးတစ်မြို့ရှိလေသည်။ ထိုမြို့​လေးရဲ့အပူချိန်ဟာဆောင်းရာသီရဲ့အစမှာတောင်အနှုတ်အောက်ရောက်နေပြီးတမြို့လုံးမှာနှင်းတွေဖုံးကာအေးခဲလို့နေတယ်....။

'မိုး​လေဝသဌာနမှထုတ်ပြန်ချက်များအရယနေ့ညနှောင်းပိုင်းတွင် အပူချိန်ပိုမိုလျော့ကျဆင်းနိုင်ဖွယ်ရှိပြီး ၊ မြို့အတွင်း​​သို့မြောက်ဘက်မှလာသည့် နှင်းမှုန်တိုင်းတစ်ခုအဖျားခတ်ကာဖြတ်သန်းမည်ဖြစ်​ပါသည် ။ မိမိတို့နေအိမ်အတွင်း.....'

ထပ်ခါတလဲလဲမုန်တိုင်းသတိပေးချက်များလာနေသည့် ရေဒီယိုကိုပိတ်လိုက်ပြီး ကားမှန်တံခါးကိုချလိုက်တော့ အရှိန်ပြင်းစွာမောင်းနှင်နေတဲ့အဟုန်ကြောင့် နှလုံးသွေးတွေခဲမတတ်အေးတဲ့ လေတွေကကကားထဲကိုတိုးဝင်လာတယ်။

လွန်ကဲလှတဲ့အအေးဓာတ်နှင့်အတူ လွင့်ကာမြောပါလာတဲ့နှင်းပွင့်လေးများက steering ပေါ်က လက်အိတ်မဝတ်ထားတဲ့လူငယ်ရဲ့လက်ပေါ်တွင် လာရောက်ခိုနားကာပျော်စင်းသွားကျလေသည်။ သွေးကြောတွေထဲထိစိမ့်ဝင်ကာခဲသွားနိုင်သော နှင်းပွင့်လေးတွေရဲ့အအေးဓာတ်ကြောင့်လူငယ်၏လက်တွေမှာတဖြေးဖြေးထုံလာသည်။

လေအေးတွေနဲ့အတူခေါင်းထဲကိုတိုးဝင်လာကြတဲ့ အတွေးတွေကို လူငယ်ကသက်ပြင်းချလိုက်ရင်းတည်ငြိမ်ချင်​ယောင်ဆောင်လိုက်သည် ။ တကယ်တမ်းတော့ သူလစ်လျူရှုနေရတဲ့အ​တွေးနှင့် သူ၏ရင်ထဲကအပူ​တွေကို သွေးတွေအေးခဲပြီးအကြောတွေထုံကျင်စေလောက်တဲ့လေပြင်းအေးအေးတွေရော တစ်မြို့လုံးကိုဖုံးလွှမ်းထားတဲ့နှင်းပွင့်လေးတွေကပါ မငြိမ်းချမ်းသွားစေနိုင်ပါဘူး​။

လူငယ်မောင်းနှင်လာသောပြိုင်ကားအနီလေးသည် နှင်းထုများကြားကပျောက်လုမတတ်ရှိနေသည့် လက်ဒ်မြို့ baleတက္ကသိုလ်ကျောင်းခွဲ၏ အဓိပတိလမ်းမကြီးပေါ်ကဖြတ်ကာ လမ်းသွယ်လေးတစ်ခုကြားသို့ ဝင်လိုက်သည်။

ဗိသုကာအဆောင်ဟူသောဆိုင်းဘုတ်အောက်မှ ကားရပ်နားသည့်နေရာတွင်ရပ်တန့်လိုက်သည် ။ လူငယ်သည် ကားအတွင်းမှဆင်းလာကာ အဆောင်၏ဆင်ဝင်အောက်သို့ဦးတည်လိုက်သည် ။ အဆောင်အဝင်ဝတွင် အငွေ့တထောင်းထောင်းထနေသောကော်ဖီတစ်ခွက်ကိုတုန်ရီစွာကိုင်ကာ ညစ်ညစ်နွမ်းနွမ်းသားမွှေးအင်္ကျီအထူကြီးအောက်မှာမြုပ်နေသော အစောင့်အဖိုးအိုတစ်ယောက်ရှိလေသည်။ လူငယ်ကအစောင့်အဖိုးအိုအားမေးမြန်းလိုက်သည်။

DIARIESWhere stories live. Discover now