12.Hopeless

475 10 0
                                    

အိပ်ရာထဲမှာဟိုလှိမ့်ဒီလှိမ့်နဲ့ပဲဇီအိပ်မပျော်တော့ဘူး..။ အဲ့တာတွေရဲ့အကြောင်းရင်းတရားခံကရှိန်း..။ သူ့ရဲ့ခပ်နွေးနွေးရင်ခွင်ထဲမှာမလိုအပ်ပဲအချိန်အကြာကြီးထည့်ထားပြီးမဟုတ်တဲ့စကားတွေနဲ့ လူကိုချည်ထားတာ။

အဲ့ဒီ့နေ့က​ဆေးခန်းမှာ ဆရာဝန်ကဇီ့လက်ကို​ဆေးထည့်​ပေးပြီး​တော့ရှိန်းကဇီ့ကို​မေးလာတယ် ။ သူပန်းချီဆွဲဖို့အတွက်မော်ဒယ်လ်လုပ်ပေးမလားတဲ့...။ သူဘာလို့ဇီ့ကိုမှမေးရတာလဲ..။ သူဘာလို့ဇီ့နားကိုခဏခဏရောက်လာပြီး မျှော်လင့်ချက်တွေပေးရတာလဲ..။

ဟိုနေ့ကသာ အ​ရှေ့တန်းကကောင်မလေးတွေနဲ့စကားမစဖြစ်ခဲ့ရင် သူပန်းချီဆွဲမှန်းတောင်ဇီသိမှာမဟုတ်ဘူး ။ မော်ဒယ်လ်ထိုင်​ပေးဖို့လိုတယ်ဆိုရင်..exam topicကြောင့်ထင်သည်။ သူကဇီ့ထက်မြင့်တဲ့တွမ်တို့နဲ့အတန်းအတူတူပဲလား....။

Football club အသင်းခေါင်းဆောင်၊ ကျောင်းသားကောင်စီဥက္ကဌ၊ top 20ဝင်လူရည်ချွန်၊ swimming club ချန်ပီယံဟောင်း၊ ကရာတေးလည်းကစားသေးတယ်၊ chess ဆုတံဆိတ်တွေလည်းအများကြီးနဲ့၊အံသြစရာ​အရည်ချင်း​တွေကသူ့မှာကုန်ဦးမှာလား..။

မေမေကတံခါးခေါက်ကာအခန်းထဲဝင်လာတော့ ဇီ့အတွေးတွေပျက်သွားသည်။ အိပ်ချင်ယောင်ဆောင်နေလိုက်တော့ ​မေမေကဇီ့ဘေးမှာလာလှဲရင်းတိုးတိုးလေးမေးလာသည်။

"မေမေအိပ်မပျော်လို့...ဇီအိပ်နေပြီလား"

ဇီမေမေ့ကိုဖတ်လိုက်တော့မေမေကလည်းဇီ့ကိုပြန်ပြီးဖတ်ထားသည်..။ ဇီအရမ်းကြိုက်တဲ့မေမေ့ရဲ့ကိုယ်သင်းရနံလေးကို တဝကြီးရှုလိုက်သည်...

"ဇီလည်းအိပ်မပျော်ဘူး..မေမေ ဖေဖေ့ကိုသတိရနေပြန်ပြီလား"

မေမေကလေသံလေးနဲ့ပြန်ဖြေသည်။

"မေမေကဖေဖေ့ကိုအရမ်းချစ်တာပဲ...ဇီကမေမေ့ကို​နောက်ထပ်လူကောင်းတစ်ယောက်နဲ့တွေ့စေချင်ပြီ"

မေမေကဇီ့ခေါင်းကို​ဖြေး​ဖြေး​လေး​ခေါက်လိုက်ပြီး

"ဇီ့ဖေဖေကမေမေ့ကိုပိုချစ်တာပေါ့...မေ​မေသူ့ထက်​ကောင်းတဲ့လူကိုဘယ်မှာသွားရှာရမလဲ"

DIARIESWhere stories live. Discover now