2.Don't trust in your heart

2.7K 115 4
                                    

သူထွက်သွားပြီးတဲ့နောက် ရန်ပွဲကိုဝိုင်းကြည့်နေကြသည့်လူအုပ်ကြီးကလည်း တစတစနှင့်တဖြေးဖြေးပါးသွားသည် ။ မြေကြီးပေါ်တွင်ဒုတိယအကြိမ်လဲလျောင်းနေကြသောစာရွက်တွေကိုကောက်ရင်းဇီသက်ပြင်းထပ်ချလိုက်မိသည် ။

ဇီကအရမ်းအတွေးများပြီး သိပ်စိတ်ကူးယဉ်တတ်သည့်မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် ၊ အခုလိုလူတစ်ယောက်ကိုအသိစိတ်ပျောက်လောက်အောင်ငေးကြည့်နေမိတာတော့တစ်ခါမှမဖြစ်ဖူးဘူး။ ကိုယ့်ကိုယ်ကိုယ်ရှက်လည်းမိပါသည်။

အစာကွင်းဆက်မှာအနင်းခြေမခံရပဲ ဒီတစ်ခါတော့ ဇီကံကောင်းသွားသည်။ နောက်တစ်ခါသူနဲ့ထပ်မတွေ့မိအောင်ရှောင်နေရမည်။ သူ့မျက်စိအောက်မရောက်မိအောင်နေရမည် သူမကျေနပ်ရင်ဇီ့ရဲ့ကျောင်းတတ်ရတဲ့နေ့တွေငရဲကျသွားနိုင်သည်။

စာရွက်တွေကောက်နေတုန်း ဇီကူညီပေးလိုက်တဲ့ကျောင်းသားက ပြန်ရောက်လာသည်။ ဇီ့ကိုကူပြီးတစ်စစီပြန့်ကျဲနေတဲ့စာရွက်တွေကိုကောက်ပေးရင်း ကျောင်းသားက အသံတိုးတိုးနှင့်ကျေးဇူးတင်ကြောင်းပြောလာသည်။ တမင်အသံတိုးပြီးပြောနေတာမဟုတ်လောက်ဘူး။ သူ့အသံတွေထွက်မလာတာထင်သည်။ အက်ကွဲကွဲရှတတအသံတွေနှင့်သူကဆိုသည်။

"ခုနကထြက္သြားမိတာ sorry ပြီးတော့မင်းကိုကျေးဇူးတင်တယ် "

သူ့မျက်နှာတစ်ခုလုံးကဒဏ်ရာတွေချည်း မျက်လုံးတစ်ဖက်ကနီညိုရောင်ပြောင်းကာဖူးယောင်နေသည်။ ပေါက်ပြဲနေတဲ့ဒဏ်ရာတွေကသွေးစအချို့ပေကျံနေတုန်းပင်။ ဒဏ်ရာတွေကိုဆေးမထည့်ပဲ မျက်နှာသာသစ်လာပုံရသည်။ ကြည့်ရတဲ့လူတောင်မသက်မသာဖြစ်ကာမျက်နှာရှုံမိသည်အထိ။

"နင်...အဆင်ပြေရဲ့လား"

သူကဇီ့ကိုကြည့်ကာခေါင်းငြိမ့်လာသည်။ လက်ထဲကစာအုပ်တွေကိုတောင်းရင်းဇီ့ပြန်မေးသည်။

"မင်းကော...သူမင်းကိုဘာလုပ်သွားသေးလဲ"

"ငါ...ဘာမှမဖြစ်ပါဘူး..."

ဇီတို့စကားပြောနေကြတုန်းမှာပဲကျောင်းတတ်သွားသည် ။ အဆောင်မေးဖို့ကိစ္စကအခုမှဇီ့ခေါင်းထဲပြန်ဝင်လာရတော့သည် ။ သူ့ကိုမေးရင်တော့ဇီ့ကိုလမ်းမှန်ညွှန်ပေးလောက်မှာပဲလို့တွေးလိုက်ပြီး

DIARIESTempat cerita menjadi hidup. Temukan sekarang