13.Lost and Lose

1.1K 67 0
                                    

"ကေလးမ..ကိုကိုနဲ့ပြန်မလိုက်ချင်တာသေချာလား"

ဇီခေါင်းငြိမ့်လိုက်သည်။

"အခုချက်ချင်းကောက်လိုက်လာလို့ရသေးတယ်နော်"

ကားတံခါးကိုဖွင့်ရင်းကိုကိုကထပ်ခေါ်ပြန်သည်။ ကိိုကိုကဇီ့ကို သိပ္စိတ္ပူတာပဲ အလုပ်တွေရှိနေတာကိုဇီနားမှာ၂ပတ်လောက်နေသွားသေးတယ် ။ အခုလည်း ဇီ့ကိုလက်ဒ်ကိုပြန်လိုက်ဖို့အတင်းခေါ်နေတော့တာပဲ ။ ဘဘကြီးသိရင်ဘာပြောမလဲ သူမေတြးဘူး။

လက်ဒ်ကိုဇီမပြန်ချင်ပါဘူး မေမေနဲ့အမှတ်တရတွေရှိတဲ့ ၊ ဇီချစ်ရတဲ့လူတွေရှိတဲ့ ရောင်းန်မှာပဲဇီနေချင်တယ် ။

"ဒါဆိုလည်းတစ်ခုခုလိုတာရှိရင် ကိုကို့ကိုချက်ချင်းဖုန်းဆက်နော် တစ်ယောက်တည်းကြိတ်ဖြေရှင်းမနေနဲ့ ဘာပဲလိုလို ဘာပဲဖြစ်ဖြစ်ကိုကို့ကိုပြောကြားလား "

"အင်းပါ...သွားတော့.."

"ကျောင်းမတတ်ချင်သေးရင်မတတ်နဲ့ဦး..."

"အာ..ကိုကိုကသိပ္နားညီးတာပဲ..ဒါတွေပဲထပ်ခါထပ်ခါပြောနေတယ် တော်ပြီသွားတော့ဆိုနေ"

ဇီ့အသံကလည်ချောင်းထဲမှာတိမ်ဝင်သွားတော့ ကိုကိုကကားပေါ်မတတ်နိုင်သေးပဲဇီ့ကိုပွေ့ဖက်လာပြန်သည်။

"ညီမလေးမှာကိုကိုရှိတယ် ဟုတ္လား...ကိုကို့ဆီညတိုင်းဖုန်းဆက်"

"မဆက်နိုင်ပါဘူး"

"ကျစ်...ဒီလူဆိုးမေလး! ! ကိုကိုဖုန်းဆက်လို့မကိုင်ရင် ရောင်န်းကိုလိုက်လာမှာနော်"

ကိုကိုကဇီ့ခေါင်းကိုပုတ်ပြီးကားပေါ်မတတ်ချင်တတ်ချင်နဲ့တတ်သွားသည်။ ကိုကိုအတွင်းရေးမှုးအမကလည်းဇီ့ကိုထပ်ပြောသေးသည်။

"ဇီ အမဖုန်းနံပါတ်သိတယ်မဟုတ်လား..ဆက်လိုက်နော်"တဲ့

ဇီခေါင်းငြိမ့်လိုက်ပေမယ့် ဇီသူတို့ဆီဘယ်တော့မှဖုန်းဆက်မှာမဟုတ်ဘူး။ ဇီအခုချိန်အကူညီတောင်းလိုက်တာနဲ့မေမေနဲ့ဇီနှစ်ယောက်တည်းအတူနေဖို့ ဘဘတွေကိုအာခံပြီးထွက်လာတဲ့ရည်မှန်းချက်တွေအကုန်ပျောက်ကုန်ပြီပေါ့ ။ လွတ်လပ်ဖို့တဲ့ မေမေကပြောတယ်..ဇီလွတ်လပ်ဖို့ထွက်လာတာတဲ့။

DIARIESWhere stories live. Discover now