"ဒီနှစ်the sun stageကမေရီ့အတွက်ဆို"
မေရီလှည့်ကြည့်လိုက်တော့တွမ်ကမေရီ့အနောက်မှာရောက်နေတယ် ။ မေရီအကလေ့ကျင့်နေတာကိုရပ်လိုက်ပြီးသူ့ဆီသွားလိုက်တယ်။
"တွမ်လည်းလာခဲ့နော်"
သူကပြုံးပြီးခေါင်းငြိမ့်တယ် ။
"Drawing club ကိုမအပ်ခင်မင်းကြည့်ချင်ဦးမလားလို့"
"ပြီးသွားပြီလား..."
"အင်း.."
"ကြည့်မှာပေါ့..."
သူ့ရဲ့ပန်းချီခန်းက မေရီတို့အကခန်းမကသိပ်မဝေးတော့ ပစ္စည်းတွေအကုန်သိမ်းပြီးပန်းချီကိုကြည့်ဖို့သူနဲ့လိုက်သွားလိုက်တယ်...။
မေရီ့ပုံကအဲ့လောက်တော်လှတာလား...။ မေရီကိုယ့်ကိုယ်တောင်မယုံနိုင်ဘူး..။ drawing clubကလေလံတင်တဲ့အခါဂျေ့ကိုဝယ်ပေးဖို့ပူဆာရမယ်လို့မေရီတွေးထားလိုက်တယ်။ တွမ်ကမေရီ့ကိုမေးသည်။
"သဘောကျရဲ့လား..."တဲ့
"မေရီအံ့သြနေတာ..မေရီအဲ့လောက်တောင်လှလို့လားလို့"
တြမ္ကပြုံးလျက်မေရီ့ကိုကြည့်လာတယ်။ သူအမြဲကြည့်နေကျအကြည့်တွေနဲ့ပဲ..။
"မင်းကအဲ့ဒီ့ထပ်တောင်လှပါသေးတယ်မေရီ"
တွမ်ကငယ်ငယ်တည်းကဘာမဆိုအကုန်တော်တယ် ။ သူ့ဘဝကအေးချမ်းတယ် ၊ မေရီတို့လိုပူလောင်စရာသောကတွေ သူ့မှာမရှိဘူး။ မိဘတွေကတွမ့်ကိုအရမ်းချစ်ကြတာ...။ ငယ်ငယ်ကကျောင်းကို သူ့မေမေအမြဲလာကြိုသည်။ မေရီ့မှာသူ့ကိုအားကျလိုက်တာ..။
မေရီဆို၁၀နှစ်သမီးတည်းကမိဘမဲ့ ၊ မေရီ့မှာဂျေပဲရှိတယ်။ အဲ့ဒီ့တည်းကမေရီ့ကိုဂျေကပိုင်တာ...။ အဲ့ဒီ့တည်းကမေရီတို့ကဖြတ်လို့မရတဲ့ချည်နှောင်မှုတွေရှိခဲ့ကြတာ။ အဲ့ဒီ့တည်းကတွမ်ကိုရော ၊ အခြားဘယ်သူ့ကိုမှမေရီမမြင်တော့တာ..။
တွမ် မေရီ့ကိုချစ်တာသိနေခဲ့ပါတယ်...။ ဒါပေမယ့်မေရီကဂျေ့အတွက်လေ ။ အခြားဘယ်သူ့ကိုမှမေရီမကြည့်နိုင်ပါဘူး ။ တွမ့်အတွက်က...သူ့လိုပဲပြည့်စုံတဲ့ အနှောင်အဖွဲ့မရှိတဲ့မိန်းကလေးတစ်ယောက်ရှိမှာပါ။ မေရီနဲ့တွမ်ကဘယ်လိုမှမဖြစ်နိုင်ဘူး လို့ပဲမေရီလက်ခံထားလို့ တတ်နိုင်သမျှဝေးဝေးမှာပဲနေမိတယ် ။ မေရီသူ့ကိုမျှော်လင့်ချက်အတုအယောင်တွေမပေးချင်ပါဘူး..။
YOU ARE READING
DIARIES
Romanceဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ ပထမဆုံးအချစ်တစ်ခု.... ထိုလူကနားလည်ရခတ်လှပြီး လျို့ဝှက်ချက်တွေနဲ့ပြည့်နက်နေခဲ့တော့... စွဲလမ်းတမ်းတခြင်းတွေနဲ့ တိတ်တခိုးချစ်ပုံပြင်လေးတစ်ပုဒ် DIARIES ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ ပထမဆုံးအချစ်တစ်ခု.... ထိုလူကနားလည်ရခတ...