18.Ending

3.9K 112 0
                                    

သူကဇီ့နှလုံးခုံသံတွေကိုဗြောင်းဆန်အောင်သူလိုရာဖန်ဆင်းတယ်။ သူကဇီ့နှလုံးခုံသံတွေကိုသူလိုသလိုပဲဆိတ်သုန်းစေပြန်တယ်။

သူ့ဆီကဇီ့ကိုနောက်ထပ် ဆက္သြယ္မလာခဲ့ဘူး။ စာမေးပွဲကြီးပြီးတဲ့အထိပဲ။ နောက်ဆုံးနေ့မှာအခန်းထဲကလူတွေကရေတွေပတ်ကြတယ်။ ပူဖောင်းတွေ၊ေဆးရောင်တွေ

အမြုပ်တွေနဲ့ဆော့ကြတယ် ။ အကျႌပေါ်မှာအမှတ်တရစာတွေရေးပေးကြတယ်၊ ဇီ့တစ်ကိုယ်လုံးလည်းဆေးရောင်စုံတွေစာတန်းတွေ ရေတွေရွဲစိုပြီးစုတ်ပြတ်နေတာပဲ ။

ဇီသူ့ကိုဒီနေ့တွေ့ရမှဖြစ်မယ်။ အကြိမ်ကြိမ်အခါခါ စဉ်းစားပြီးလည်းဇီသူ့ကိုပြောရမယ် ။ ဇီကသူ့ကိုအရမ်းချစ်နေပါတယ်ဆိုတဲ့အကြောင်းကိုလေ...။ သူ့ဘက်ကဘယ်လိုတုန့်ပြန်တယ်ဆိုတဲ့အပေါ်မူတည်ပြီးဇီတို့ဝေးသွားကြမှာလားပိုပြီးနီစပ်လာကြမှာလားဆိုတာကိုဆုံးဖြတ်မည်။

သူရဲဘောကြောင်တဲ့စည်းတွေ ဘောင်တွေကိုဖြတ်သိမ်းပစ်မည်ဟုဆုံးဖြတ်ပြီး ဇီတို့အဆောင်ကနေ အဆောက် ၁ ဘက်ကိုသွားလိုက်တယ်။ မေရီနဲ့အရင်တိုင်ပင်ဖြစ်ရင်လည်းကောင်းမည်လို့တွေးမိလိုက်သည်။ ရှိန်းနဲ့အမြဲတစ်တွဲတွဲတွေ့ရတတ်တဲ့တရုတ်ကောင်လေးဝူကိုတွေ့တော့ မေရီရှိလားလို့မေးကြည့်သေးပေမယ့်မေရီမရှိဘူးတဲ့..။ ဂျေဆင်ဂျိမ်းနဲ့လည်းမတွေ့ဘူး ။ ကြည့်ရတာသူတို့နှစ်ယောက်အောင်ပွဲခံနေကြပြီထင်သည်။

ရှိန်းကိုမေးလိုက်တော့သူကအဆောင်၁ရဲ့မှန်လုံအိမ်ကိုလမ်းညွှန်လိုက်တယ်..။ ရှိန်းကမှန်လုံအိမ်မှာဘာလုပ်နေတာလဲ...။

အဆောင် ၁မွာ ရုက္ခဗေဒအတွက်မှန်လုံအိမ်တစ်ခုသီးသန့်ရှိသည်။ ဇီတို့အတန်းတွေအတွက်ဆိုရင်သုံးလေးဆောင်ပေါင်းမှတစ်ခုရှိသည်။ ဇီတို့မှန်လုံအိမ်ကြီးကတော့အတွဲတွေနဲ့အမြဲစည်ကားနေတာပဲ။ ကျောင်းထဲကသီးသန့်ပန်းခြံကြီးလိုဖြစ်နေတာကိုး..။ အဆောင်၁ရဲ့မှန်လုံအိမ်ကတော့ ဇီတို့အဆောင်တွေရဲ့မှန်လုံအိမ်ထက်ပိုသေးသည်။ ပို၍လည်းသီးသန့်ဆန်သည်။ ထိုနေရာမှာဖွင့်ပြောရရင်လည်း ကောင်သား...။

DIARIESWhere stories live. Discover now