14.Possession

1.2K 70 5
                                    

ဇီနဲ့ညစာစားပြီးတော့သရဖီကမေရီ့ကိုအိမ်ပြန်လိုက်ပို့တယ်..။ အခုချိန်ဇီဘယ်လောက်ခံစားနေရမလဲ.. ဇီ့ကိုဒီအခြေနေကအမြန်ဆုံးအဆင်ပြေသွားစေချင်တယ်။ သူပင်ပန်းနေရတာတွေမေ့ပြီးညစာစားနေတုန်းသူခဏလေးပျော်ရမယ်ဆိုမေရီဝမ်းသာပါတယ်။ မေရီကိုယ်တိုင်လည်းမေရီ့မေမေနဲ့ဖေဖေကိုတပြိုင်နက်ဆုံးရှုံးသွားခဲ့ရဖူးတာမို့လို့...ဇီ့ခံစားချက်တွေကိုကောင်းကောင်းနားလည်သည်။

ဆပ်ပြာမြုပ်တွေထဲမှာစိမ်ရင်းမေရီကြိုးစားပြီး မေ့ထားရတဲ့ဖြစ်ရပ်ဆိုးကြီးတွေ ကိုပြန်တွေးနေမိတယ်။ ဆိုးဝါးတဲ့အရာတွေကိုလည်းတစ်ခါတလေတွေးဖြစ်ဦးမှမမေ့မှာလေ။ မေရီ့ဘဝကိုပြောင်းလဲပစ်လိုက်တဲ့ဖြစ်ရပ်တွေကိုမမေ့သွားချင်ဘူး ။ မေ့ထားတဲ့ကိစ္စတွေကိုလည်းပြန်သတိမရချင်ပါဘူး....။

အတွေးနယ်လွန်နေတဲ့အချိန်မေရီ့ပုခုံးကိုတစ်ခုခုကလာထိတော့ မေရီလန့်ပြီးလှည့်ကြည့်လိုက်သည်။

"မေ...? ဘာလို့အရမ်းလန့်သွားတာလဲ"

ဂျေ့ကိုမြင်တော့မှမေရီစိတ်အေးသွားသည်။

"ဟင့်အင်း..မေအတွေးလွန်နေတာ..."

ဂျေကရေချိုးကန်ခေါင်းရင်းနားကခုံမှာထိုင်လိုက်ပြီးမေရီ့ပုခုံးတွေကို ဖြေးဖြေးလေးနှိပ်ပေးတယ်။

"ကိုယ်နှိပ်ပေးမယ်...ဇီနဲ့တွေ့တာအဆင်ပြေခဲ့လား"

"အင်း...ဇီအရမ်းခံစားနေရမှာဂျေရယ်.."

"ကိုယ်တို့ညစာစားရင်သူ့ကိုပါအတူခေါ်မယ်လေ..."

"အင်း.."

မေရီသက်ပြင်းရေးရေးခိုးချမိတာကိုဂျေမိသွားသည်။ဂျေကမေရီ့ပုခုံးပေါ်မှီရင်းမေရီ့ကိုဖက်လာသည်။

"ကိုယ်လေ..မင်းခေါင်းထဲကအဲ့ဒီ့မကောင်းတဲ့ဟာတွေကို မေ့သွားအောင်မလုပ်နိုင်တော့ဘူးလား"

မေရီ့ဂျေ့ဘက်ကိုလှည့်လိုက်တယ် ။ ဂျေအဲ့ဒီ့လိုခံစားရတိုင်း မေရီစိတ်မကောင်းဖြစ်မိတယ် ။ သူ့အပြစ်တွေမှမဟုတ်တာပဲ။ မေရီတို့ချစ်ခဲ့တာဟာအပြစ်မဟုတ်ပါဘူး။ မေရီတို့နှစ်ယောက်ရဲ့အချိန်တွေကိုမကောင်းတဲ့အတိတ်တွေ တွေးပြီးမကုန်ဆုံးလိုက်ချင်ဘူး။

DIARIESOù les histoires vivent. Découvrez maintenant