15.His private art model

1.2K 74 0
                                    

ဇီ့ဘဝမှာတိုက်ခတ်နေတဲ့မုန်တိုင်းတွေကစဲဦးမှာလား..။

မေမေဆုံးတာကနေစပြီးဆက်တိုက်ပဲဇီ့ဘဝရဲ့အရေးကြီးတဲ့အရာတွေပျက်စီးကုန်တယ်။ ပိုက်ဆံကိစ္စကြောင့်သူငယ်ချင်းတွေနဲ့ဝေးရတယ် ၊ ဇီကြိုးစားနေတဲ့အကပညာနဲ့ဝေးရတယ်၊ ဇီ့ရဲ့အခင်ဆုံးသူငယ်ချင်းတွမ်ကဇီ့ကိုအထင်လွဲတယ်၊ ဇီချစ်ရတဲ့ရှိန်းကသူ့နားရောက်အောင်မကြိုးစားနဲ့လို့ဇီ့ကိုဘွင်းဘွင်းပဲပြောလာတယ်။အခုတလောအိမ်ငှါးအဒေါ်ကြီးကလည်းဇီ့ကိုအမြင်မကြည့်ချင်ဘူး။ ဘာလို့လဲ ဇီဘာတွေမှားနေတာလဲ ဇီလည်းမသိတော့ဘူး.. ။

သူတို့ဇီ့ကိုအဝေးကိုတွန်းထုတ်တဲ့အခါ ဇီကသူတို့နဲ့အဝေးဆုံးကိုထွက်သွားပစ်မှာပဲ ။ ကျောင်းမှာတွမ်နဲ့မျက်နှာချင်းမဆိုင်ရအောင်ရှောင်နေရတာအရမ်းပင်ပန်းတယ် ။ စာကြည့်တိုက်ရယ် ၊ကျောင်းရယ်၊အိမ်ရယ်၊ အလုပ်လုပ်တဲ့နေရာတွေရယ်မှာပဲဇီနေတတ်အောင်နေမိတယ်၊ မေရီတို့သရဖီတို့ကိုတောင် အပြင်မှာမတွေ့မိအောင်ကြိုးစားပြီးနေတယ် ။

ဒီလိုနဲ့ဇီရဲ့ပတ်ဝန်းကျင်နဲ့တံတိုင်းတွေ၊ ဘောင်တွေချထားလိုက်တယ်။ ဇီဘယ်သူနဲ့မှလည်းထပ်ပြီးမရင်းနှီးချင်တော့သလို...ဘယ်သူ့ကိုမှလည်းဇီ့ဘဝထဲကိုမဖိတ်ခေါ်ချင်တော့ဘူး။ သူ့တို့ထွက်သွားမှာစောင့်နေမှာထပ် သူတို့ကိုကန်ထုတ်ပြီးတံခါးတွေပိတ်ထားလိုက်တော့တယ်။

ရှိန်း...သူကဇီ့ကိုကိုင်လှုပ်နိုင်တဲ့သူ ၊ ဇီ့ကိုပြိုလဲသွားစေနိုင်တဲ့လေပြင်း...

ဇီနေသားကျအောင်ကြိုးစားနေသမျှ အရာမထင်အောင်သူသိပ်လုပ်တယ်..။ နောက်တစ်ခါဇီတို့ကြားမှာအဆက်အသွယ်ပြတ်သွားပြန်ပြီး တစ်ညနေဇီအလုပ်လုပ်နေတဲ့ဆိုင်ကိုသူထပ်ရောက်လာပြန်တယ် ။ သူလာတဲ့အချိန်က ဇီ့တာဝန်ချိန်ပြီးခါနီးပဲ။ ဇီနဲ့အတူတာဝန်ကျတဲ့အမကစောစောပြန်သွားတော့ ဇီ့အပြင်အခြားဝန်ထမ်းလည်းထပ်မရှိဘူး...။ serviceပေးဖို့သူ့ဆီကိုဇီပဲသွားလိုက်ရတယ်။

"ဘာများသုံးဆောင်မလဲရှင့်"

သူကဇီ့ကိုဟိုးအရင်တစ်ခါလိုပဲထပ်မေးပြန်တယ်။

DIARIESWhere stories live. Discover now