တနင်္လာနေ့ထပ်ရောက်လာပြန်ပြီ...။ စနေနေ့ကဘာလို့အရူးတစ်ယောက်လိုထွက်ပြေးခဲ့ရတာလဲလို့ ဇီကိုယ့်ကိုယ်ကိုယ်ပြန်မေးနိုင်ပြီ ။ အထိခိုက်လွယ်ပေမယ့်နှလုံးသားလေးထဲကဒဏ်ရာတွေက မြန်မြန်ပျောက်ကင်းနိုင်သေးလို့တော်သေးသည် ။
အချစ်..??? သူကအသားထဲကိုလှိုက်စားတဲ့ပိုးလိုပဲ ကြာကြာထားလေကိုယ့်ခန္ဓာကိုယ်နဲ့ဝိညာဉ်ကိုပျက်စီးစေလေပဲ ။ အခုချိန်မှာဇီ့ကိုကယ်တင်နိုင်မယ့်တစ်ခုတည်းသောဆေးကရှိန်းနဲ့ဝေးဝေးနေရမည် ။ နောက်ပြီးရှိန်းအကြောင်းတွေမတွေးနဲ့ ။ သူရဲ့မျက်ခုံးတွေအကြောင်းလည်းမတွေးနဲ့ ၊ ကြောက်စရာကောင်းတဲ့မျက်လုံးတွေအကြောင်းလည်းမတွေးနဲ့ ၊ သူ့နှုတ်ခမ်းတွေကိုစိတ်ကူးယဉ်ပြီးချိုမြိန်မယ်လို့ထင်တဲ့ အနမ်းတွေအကြောင်းလဲမတွေးနဲ့ ။
အို...ဘုရားရေ ဇီအခုတောင်ဒီလောက်နာကျင်နေရပြီ...။ သူကဇီ့အတွက်မဖြစ်နိုင်ဘူး ။ ဇီနဲ့မကိုက်ညီဘူး ။ ဇီလည်းသူ့ကိုမကြိုက်ဘူး ။ ရန်ဖြစ်လို့မကြိုက်ဘူး၊ အကျင့်ပုတ်လ်ု့မကြိုက်ဘူး။ သူကဘယ်လောက်ဆိုးသလဲ တွမ့်ကိုအတန်းချပစ်တယ်၊ အန်ထ့်ကိုနှိပ်စက်တယ်လေ။ ဇီ့ကိုခရစ္စပေးတဲ့နှင်းဆီပန်းတွေပေါ်လည်းတတ်နင်းသွားတယ်။
ကျောင်းရောက်သည်နှင့်လုပ်ရမှာကဇီအတန်းထဲကိုပဲတည့်တည့်မတ်မတ်သွားဖို့ ၊ ပြီးရင်နေရာမှာထိုင်မည် ။ စာအုပ်ဖတ်မည်။ ဘာအကြောင်းနဲ့မှအတန်းပြင်ကိုမထွက်နဲ့၊ မုန့်စားဆောင်လည်းမသွားနဲ့ သန့်စင်ခန်းလည်းမသွားနဲ့ ဇီ့ဖင်ကိုခုံနဲ့ကပ်ထားရမည်။
သရဖီတို့ရောက်လာတော့စနေနေ့ညနေကဇီဘာလို့အစောကြီးပြန်သွားတာလဲလို့မေးကြသည် ။ ဇီ့ကိုယ်ဇီတောင်ပြိုလဲမသွားအောင်ထိန်းနေရတဲ့ကြားက အလိမ်ညာစကားတွေကိုဘယ်လိုလုပ်ပြီးပြောထွက်လိုက်လဲမသိတော့ဘူး ။ ခပ်တည်တည်နဲ့ပဲ မေမေကဇီ့ကိုဖုန်းဆက်ခေါ်လို့ပါလို့ပြောလိုက်မိသည်။ ဇီ့ဘဝမှာပထမဆုံးပြောင်လိမ်မိခြင်းပါပဲ။
မေမေပြောဖူးတာကိုဇီသတိရတယ် ။ တစ်ခါကကြီးကြီး ဇီ့ကိုလိမ်ပြောတယ်လိုစွပ်စွဲတုန်းတော့ မေမေဇီ့ဘက်ကလိုက်ပြီးပြောပေးဖူးတယ်။ ဇီကမလိမ်မာတာပဲရှိတာလိမ်မပြောတတ်ပါဘူးလို့... ။ အခုတော့ ဇီလည်းအရောင်တွေစပြီးစွန်းထင်နေမိပြီထင်ပါရဲ့... ။ အဲ့လိုဖြစ်အောင်ရှိန်းလုပ်တာ ၊ အိုး...သူကအကျင့်မကောင်းတဲ့အပြင်ဇီ့ကိုလည်းလိမ်မိအောင်လုပ်တယ်။ သူကမကောင်းတဲ့လူ၊ မကောင်းတဲ့လူ။
YOU ARE READING
DIARIES
Romanceဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ ပထမဆုံးအချစ်တစ်ခု.... ထိုလူကနားလည်ရခတ်လှပြီး လျို့ဝှက်ချက်တွေနဲ့ပြည့်နက်နေခဲ့တော့... စွဲလမ်းတမ်းတခြင်းတွေနဲ့ တိတ်တခိုးချစ်ပုံပြင်လေးတစ်ပုဒ် DIARIES ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ ပထမဆုံးအချစ်တစ်ခု.... ထိုလူကနားလည်ရခတ...