Chapter (1)

3.7K 288 7
                                    

ဧဒင်ဥယျာဥ်ကြီးထဲမှာ
*******************

" ဖေးလျန်.."

"ဖေးလျန်..."

ကျောင်းဝန်းထဲက လူတိုင်းမှာ အသံကျယ်ကြီးနဲ့ အော်ဟစ်နေသော ထိုလူငယ်ကိုလိုက်ကြည့်ကြသည်..။ ပြေးလည်းပြေး အော်လည်းအော် လုပ်နေသော်လည်း ရှေ့က ဖေးလျန်ဆိုသော လူငယ်လေးမှာ နားကြပ်တပ်ထားတာမို့ ခေါ်သံကျယ်ကျယ်ကို မကြားနိုင်ရှာ..။

သို့ပေမဲ့ နောက်ဆုံးတွင်တော့ နောက်ကလူငယ်လေးက မှီသွားကာ..လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်သည်..။ လူက ဟောဟဲလိုက်ကာ လျှာတစ်လစ်ထွက်နေသော်လည်း တောက်ပစွာပြုံးရယ်လိုက်ပြီး..

" နားကြပ်တပ်ပြီး လျှောက်မသွားပါနဲ့လေကွာ..၊ မင်းကိုအော်ခေါ်ရတာ အသံတွေတောင်နာတယ်.."

ဖေးလျန် က နားကြပ်ကိုဆွဲဖြုတ်ပြီး အကျီအိတ်ကပ်ထဲ ထည့်လိုက်သည်..။ ပြီးနောက် လက်မှာ လက်ပတ်သဖွယ် ပတ်ထားသော ပုဝါလေးကိုဖြုတ်၍..အမောဖောက်နေသော လူငယ်လေးအား လှမ်းပေးကာ..

"ချွေးတွေသုတ်လိုက်ဦး စာမေးပွဲရက်ကြီးမှာ ခွန်အားကို ချွေတာမှပေါ့..၊ မနက်ဖြန်တစ်ရက် ကျန်သေးတယ်လေ ရိပေါ်ရာ.."

ပုံမှန်အတိုင်းပြောလိုက်သော်လည်း နှုတ်ခမ်းဖူးဖူးလေးက စုလိုက် ချွန်လိုက်ဖြစ်လာသလို မျက်မှန်ဝိုင်းလေးကို ပင့်တင်ရင်း ပြောလာပုံက သူ့အသည်းကို Shock တိုက်နေသလိုပင်..။ ကျစ်!!! ရင်ခုန်လို့သေတော့မှာပဲ..နှုတ်ခမ်းကိုလျှာနဲ့သပ်ကာ ပုဝါကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်..။ ဖေးလျန် ဖေးလျန် ငါတော့ မင်းကိုကျောင်းကန်တင်းမှာ ဖက်နမ်းမိတော့မယ်ထင်တယ်..။

" ရိပေါ် ဝမ်ရိပေါ်.."

" ဟမ်..အာ..! "

သူ့ရဲ့ အထိတ်တလန့် ထအော်သံအဆုံးမှာ ဘောင်ခတ်ထားသော မျက်ဝန်းအစုံနှင့် စူးစမ်းသလို စိုက်ကြည့်လာတာကြောင့် ရင်ဘတ်က ပို၍ခုန်ပေါက်လာပြန်သည်..။

" ငါ့အနောက်ကို သေလောက်အောင် ပြေးလိုက်လာတာ ဘာပြောစရာရှိလို့လဲ "

"အာ..မနက်ဖြန်စာမေးပွဲ ပြီးပြီဆိုတော့ ငါတောင်းဆိုထားတဲ့အတိုင်း မင်း နယ်ကို___"

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔Where stories live. Discover now