// Unicode //
ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾
_______________________" ကိုကို.."
" ဘာလို့ထလာတာလဲ ပြန်သွားအိပ်ချည် "
ရှောင်းကျန့်က ငရုတ်ပွသီးတွေ ခူးနေရင်း အိပ်မှုံစုံမွှားနဲ့ ထွက်လာသော ကောင်လေးကို မာန်မဲလိုက်တယ်..။ မနက် လေးနာရီ စွန်းစွန်းသာ ရှိသေးသည်မို့ ပတ်ဝန်းကျင် တစ်ခုလုံးအမှောင်ထုသာ ကြီးစိုးနေသလို ခပ်ပါးပါးရသော အအေးဓာတ်ကြောင့် ဖေးလျန်မှာ လက်နှစ်ဖက်ကို ပွေ့ပိုက်ထားရင်း..
" ဖေးဖေး ပါ ဝိုင်းခူးပေးမယ်လေ မနေ့က စူကောပြောတယ် ဒီနေ့မြို့ပေါ်တတ်ပြီး ဈေးသွားရောင်းမှာဆို.."
" အင်း "
" ဒါဆို လောင်ဝမ့်ကိုပါ နှိုးလိုက်မယ်နော် သူပါဝိုင်းကူတော့ အလုပ်မြန်မြန်ပြီးတာပေါ့ "
"ဟာ..! ဟေ့..မနှိုး__"
တားချိန်တောင် မရလိုက်ဘူး ဖေးလျန်တို့က အိမ်ထဲကို ပြန်ဝင်သွားချေပြီ..။ မကြာဘူး ဖေးဖေးနောက်မှာ တဝါးဝါး သမ်းဝေပြီး ယိုင်တိယိုင်တိုင် လမ်းလျှောက်လာတဲ့ ကောင်ငယ်လေး..။ ရှောင်းကျန့်မှာ လေသံတိမ်တိမ်နဲ့ပဲ..
" နှစ်ယောက်လုံး ပြန်သွားအိပ် ကူစရာမလိုပါဘူးဆိုနေ.."
" ဟင့်အင်း ကူပါမယ်ဆို "
ဖေးလျန်က ရိပေါ်နဲ့ပခုံးချင်း ပစ်တိုက်ကာ ကူပြောဦး ဆိုတဲ့သဘောနဲ့ မျက်စပစ်ပြတယ်..။ ရိပေါ်မှာ အိပ်ချင်နေသေးသော်လည်း Crush သဘောကျ ခေါင်းတွင်တွင်ညိမ့်ကာ..
" ဟုတ်တယ် ကျွန်တော်တို့ ဝိုင်းကူပါ့မယ် အားလုံးက မိသားစုတွေပဲမလား ကူညီရမှာပေါ့ "
"ဒါပေါ့ လောင်ဝမ်ရ ငါတို့တွေက မိသားစုတွေပဲလေ "
" ဟီးး.. ခုမှပဲ အိပ်ချင် ပြေသွားတော့တယ် "
မိသားစုဆိုတဲ့ စကားကို ပိုပိုသာသာလေး ဖိပြောရင်း ရိပေါ်က လက်နှစ်ဖက်ဆန့်ကာ ရယ်နေလိုက်သည်..။ မကြာခင် ကိုယ်က ဖေးလျန်နဲ့ယူပြီး ရှောင်းမိသားစုဝင် ဖြစ်တော့မှာပဲဟာကို..။ အခုဆို သူ့အစ်ကို ရှောင်းကျန့်နဲ့လည်း အတော်ကြီးကို အဆင်ပြေနေပြီလေ..။ မနက်ပိုင်း အတူပြေးတာတို့ ငါးစာကျွေးတာတို့ကိုတောင် သဟဇာတ ဖြစ်အောင် လုပ်တတ်နေပြီ..။ ဖေးဖေးကလည်း ထောက်ခံနေတယ်ဆိုတော့..အာ..ဟားး Crush ပေါက်ကို မကြာခင်မှ ဖွင့်ပြောဦးမှပါ..။
YOU ARE READING
ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔
Fanfiction[[ ZhanYi ]] Xiao Zhan is Seme❗ ခင်ဗျားက အာဒံဆို ကျွန်တော် က ဧဝဖြစ်ဖို့ဆန္ဒရှိတယ်..။ လာပါ..အချစ်သီးကို တူတူစားကြရအောင်..။ Ownstory 18.2.2021 #Sanaymoeswe