Chapter (11)

1.3K 171 5
                                    

## Unicode ##

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾
_______________________

"ငါပြောတာ တကယ်ပါဆို "

"ဒီခေတ်ရောက်နေပြီ ဘီလူးစီးတာကို မင်းကယုံနေသေးတာလား..? "

"တကယ်ဟ ငါဘယ်လောက်ရုန်းရုန်း လုံးဝကို တတ်ဖိထားတာ "

ကိုယ်က အားတတ်သရော ပြောပြနေသလောက် Crush ကမူ..

"အို့..Piggy လေးက ငြိမ်ငြိမ်နေလေ အဲ့လိုလျောက်မပြေးရဘူးလို့..အ ဟားးဟားး "

သူ့စကားကို အဖတ်မလုပ်ပဲ လူစကား နားမလည်တဲ့ ဝက်ကြီးနဲ့ ဖေးလျန်က စကားပြောနေတယ်..။ ဝက်ကို ရေချိုးပေးနေတာလား..? တတ်စီးနေတာလား မသဲကွဲအောင် Crush က ယွလွန်းတယ်..။ ဝက်က အသားတိုးတယ်လို့ပဲ ပြောရမလား ခုဆို တော်တော်ကြီးနေပြီ ဖေးလျန် တစ်ကိုယ်လုံး တက်ဖိထားတာတောင် ဝက်ခြံထဲမှာ ပြဲပြဲစင်အောင် ပြေးနေတာလေ..။

ရိပေါ့်မှာ ရေပိုက်ကိုင်ပြီး ဝက်ခြံအပြင်မှာ တွေတွေကြီး ရပ်နေမိတော့တယ်..။ အဲ့လိုဝက်ကြီးစီးပြီး ခြံထဲပတ်ပြေးနေမှတော့ ငါက ဘယ်လို ရေဖြန်းပေးရမှာလဲ ရှောင်ဖေးလျန်ရဲ့..။ ဒီပုံအတိုင်း ဆက်လုပ်နေရင် ညစာစားချိန်ရောက်တဲ့ အထိတောင် ဝက်ရေချိုးလို့ ပြီးမှာ မဟုတ်ဘူး..။

"ဖေးလျန် မဆော့နဲ့တော့ "

"Piggy က ပြေးနေတာကိုကွ ဝက်စီးရတာ မိုက်တယ် လောင်ဝမ်ရ ဟီးးဟီးး"

"ဪ အင်းပါ "

ဝက်နဲ့ပေါင်းပြီး ယွနေတဲ့ Crush ကို မယုံကြည်နိုင်စွာနဲ့ ကြည့်နေမိသည်..။ အနီးကပ်ပေါင်းမှ သိတော့တယ် Crush က စောက်ရမ်းပေါမှန်း..။

" ဖေးဖေး "

"ဗျာ! ကိုကို"

ဝိုးးးဝိုးး

ရှောင်းကျန့် အသံကိုလည်းကြားရော ဖေးလျန် က ဗျာ ခနဲ ထူပြီး ဝက်ပေါ်က ခုန်ဆင်းလာတာ စက်ရုပ်ကလေး သံပတ်ပေးထားသလိုပဲ..။ ဖေးလျန်တို့က သူ့အစ်ကိုကိုတော့ ကြောက်သားပဲနော်..။ ထိုသူကတော့ ရှုတည်တည်နဲ့ ဖေးလျန်ကိုရော ကိုယ့်ကိုပါ စိုက်ကြည့်လာတာမို့ ရိပေါ်မှာ ပခုံးကျုံ့ပြီး တစ်ဖက်သို့ ရွေ့နေလိုက်သည်..။

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔Donde viven las historias. Descúbrelo ahora