Chapter (2)

2K 264 11
                                    

##UNICODE##

ဧဒင်ဥယျာဥ်ကြီးထဲမှာ...
^^^^^^^^^^^^^^^^^^^

ဘူတာရုံက မုန့်ဆိုင်များသည် ဝမ်ရိပေါ်ကျေးဇူးကြောင့် ခဏချင်း အခွံနီးပါးဖြစ်လုမတတ်ပင်..။ ဖေးလျန် မှာ ရှေ့က တတ်ကြွနေသော လူငယ်လေးရဲ့ အကျီလက်နားစကို လှမ်းဆွဲလိုက်ပြီး..

"တော်ပြီလေ ဘာလို့မုန့်တွေ အများကြီးဝယ်နေတာလဲ..? လောင်ဝမ်ရာ "

"မင်း..ရထားပေါ်မှာ ဗိုက်ဆာမှာစိုးလို့လေ.."

" တော်ရုံသင့်ရုံပဲ လုပ်စမ်းပါ "

ရိပေါ်က ကျသင့်ငွေကိုရှင်းကာ သူ့အကျီစကို ဆုပ်ကိုင်ထားသော ဖေးလျန်လက်ကို ပြန်ဆုပ်ကိုင်ရင်း မုန့်ဆိုင်ထဲမှ ထွက်လာလိုက်တယ်..။ခုအခြေအနေမျိုးနဲ့ဆိုရင် ဒီခရီးက ဆွေပြမျိုးပြခရီးနှင့်တောင် တူနေသည်..။ဖေးလျန်က သူ့ကိုလောင်ဝမ်လို့ ခေါ်တိုင်း သူရင်ထဲ တစ်ငြိမ့်ငြိမ့်နှင့်..။ နာမည်ခေါ်တာထက် ခုလို ခေါ်လိုက်တာက ပို၍ရင်းနှီးသလို ခံစားရသည်မဟုတ်လား..?

" ငါ့လက်ကိုလွှတ်ပါဦး နာ နေပြီဟ "

"အာ ဆောရီးကွာ.."

ဖြူဖွေးဖွေးလက်ကောက်ဝတ်လေးက သူ့ပယောဂကြောင့် သွေးနီရောင် သမ်းသွားသည်မို့ ရိပေါ်မှာ ပြာယာခတ်သွားပြီး..

" အရမ်းနာသွားလား ကျစ်!! ငါမကောင်းတာပါ..? "

"ဟင့်အင်း ဒါနဲ့ငါ့လက်နာတာလေ မင်းမျက်နှာက ဘာလို့ ရုပ်ပေါက်နေရတာလဲ..? "

ပြောစရာစကားများ ဆွံ့အသွားပြန်သည်..။ ဖေးလျန်က သူ့အမူအရာကြောင့် သဘောကျသလို တဟီးဟီးအော်ရယ်ပြီး..

" ကြည့်စမ်းပါဦး ငါဒါလေး ပြောတာကို ပါးတွေ နားတွေရဲလာပြန်ပြီ ဝမ်ရိပေါ် မင်းစိတ်တွေ ဘာဖြစ်နေတာလဲ..ဧကန္တ..မင်း မင်း.."

ဟင်!
ဧကန္တ ...မင်း မင်း ပြီးရင်ဆက်ပြောလေကွာ..၊ မင်း က ငါ့ကိုစိတ်ဝင်စားနေတာလားလို့ မေးလိုက်စမ်းပါကွာ..။ သို့ပေမဲ့ ဘာစကားမှထပ်မထွက်လာပဲ နှစ်ယောက်သား စူးစိုက်ကာကြည့်မိကြသည်..။ ဘူတာရုံတွင် အကြည်ဆိုက်နေသော သူတို့နှစ်ယောက်ရဲ့ပုံစံက နည်းနည်းလေး ကသမ်းကယမ်း ဆန်နေသလို..။

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔Opowieści tętniące życiem. Odkryj je teraz