Chapter (3)

1.9K 240 8
                                    

UNICODE✔

ဧဒင်ဥယျာဥ်ကြီးထဲမှာ..
^^^^^^^^^^^^^^^^^^^

"လောင်ဝမ် ထည့်စားလေ "

"ဟုတ်ကဲ့ "

စူဖန်း ဆိုတဲ့ အစ်ကိုက ဖော်ဖော်ရွေရွေရှိလှသော်လည်း ဖေးလျန် ခေါ်နေကျ လောင်ဝမ်ဆိုတဲ့ နာမ်စားကို သုံးနှုန်းနေတာမို့ စိတ်ထဲတွင်တော့ သိပ်ဘဝင်မကျလှ..။

"ဖေးဖေး နဲ့ အိမ်က စူထန်း အကြိုက်နဲ့တူနေတော့ ကွက်တိကို ဖြစ်သွားရောပဲ..မဟုတ်ရင်ဒီငါးဟင်းတွေ အလဟသတ်ဖြစ်နေမှာ "

"ဟုတ်တယ်နော် ဒါနဲ့ကျဲစူးထန်းက ပြန်လာမယ်ဆိုပြီး ဘာလို့ ပြန်မလာတာလဲ..? "

"မသိပါဘူး ဖေးဖေးရာ ကဲ ကဲ စကားတွေမများနဲ့ စားစရာရှိတာစား ဟို.. လောင်ဝမ်ရော ငါးကြိုက်ရဲ့လား ? ဒီနယ်မှာတော့ အိမ်တိုင်းလိုလိုက အသားဟင်းထက် ငါးဟင်းအစားများတယ် "

ရိပေါ့်မျက်နှာက အနည်းငယ် ပူစပ်ပူလောင်ဖြစ်လာသည်..။ ငါးဟင်း ကြိုက်သော်လည်း ကိုယ်က အရိုးနွှင်၍မစားတတ်ပေ..ဒါကို ဖေးလျန်က ကောင်းကောင်း သိသည်လေ..။

ခုလည်း ထမင်းဝိုင်းမှာ ခွီးခနဲထရယ်ရင်း..

"ရိပေါ်က ငါးဟင်းကြိုက်ပေမဲ့ ငါးအရိုးမနွှင်တတ်ဘူး စူကောရဲ့..ဘာ့မှအားမငယ်ပါနဲ့ ငါက အိမ်ရှင်ပီပီ မင်းကိုဧည့်ဝတ်ကျေပါ့မယ်..Ok "

"မဟုတ်တာ ငါ့ဘာသာစားပါ့မယ် "

ဖေးလျန် က တူကိုဘေးမှာချရင်း ငါးအရိုးနွှင်ရန် အကျီလက်ကို တစ်တောင်ဆစ်အထိ မ တင်လိုက်သည်..။ သို့ပေမဲ့ အဟမ်းခနဲ့ ချောင်းဟမ့်သံနှင့်အတူ

" ဖေးဖေး က ဘာလို့အပင်ပန်းခံမှာလဲ..? စားးစရာရှိတာစား ဒီကိုယ်တော်လေးကို ကိုကို ကပဲ ငါးအရိုးနွှင်ပေးလိုက်ပါ့မယ်.."

"အွင်း ဒါဆို ငါးအသားနွှင်မယ့် ကိစ္စကို ကိုကို့လက်ထဲ အပ်လိုက်ပြီနော်.."

"အင်း..ကိုကို့လက်ထဲအပ်လိုက် "

ဘာကြောင့်မှန်းမသိ ထိုစကားမှာ ဖိအားတွေပါနေသလို ရိပေါ့်ကျောပြင်တစ်လျှောက် ကြက်သီးဖုလေးတွေ ထလာသည်..။ ကိုယ်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ထိုသူကြောင့် ခေါင်းကိုသာ ငုံ့ချလိုက်ရင်း

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔Where stories live. Discover now