Chapter (21)

1.5K 167 4
                                    

## Unicode ##

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾
________________________

" အဲ့ဒါ ဘာလုပ်နေတာလဲ? "

Luggage ထဲ အဝတ်အစားတွေ ဖိထည့်ပြီး ရိပေါ်က ပြန်ဖြေတယ်..။ မျက်ရည်မကျသော်လည်း နှပ်တစ်ရှုံ့ရှုံနှင့် ပြန်ဖြေလာတာက ေရှာင်းကျန့်ထင်တဲ့အတိုင်း

" ကျွန်တော် ပေကျင်းကိုပြန်တော့မယ် "

" ကျုပ် ခွင့်မပြုဘူး"

" ခင်ဗျားနဲ့ဘာဆိုင်လို့ ကျွန်တော့်ကို လာတားနေတာလဲ ဖယ်စမ်းပါဗျာ စိတ်တိုနေရတဲ့ကြားထဲ"

သူ့ကိုတားဆီးနေတဲ့ ရှောင်းကျန့်လက်တွေကို ပုတ်ထုတ်ရင်း ရိပေါ့်အသံက ငိုသံစွက်လာတယ်..။ ခုချိန်မှာ သူစိတ်ထဲ ခံစားရသည်က ရှက်ရွံ့သိမ်ငယ်မှုသာဖြစ်​ပြီး နှစ်နှစ်ကျော်ဖြစ်တည်ခဲ့တဲ့ ခံစားချက်တွေကို ဟားးတိုက်ကာ ရယ်ပစ်လိုက် ချင်တော့သည်..။

" ဖေးဖေး ကို အဲ့လောက်ထိတောင် ချစ်တာလား? "

" ကျွန်တော်မသိဘူး ဒါပေမဲ့ ဖေးလျန်ကြောင့်ဝူဟန်မြို့ကို ရောက်ခဲ့တယ် သူ့မှာ အစကတည်းက ချစ်သူရှိနေမှန်းသိရင် Crushခဲ့မိမှာမဟုတ်ဘူး ခု...ခု ကျွန်တော် ခံစားနေရတာကလေ အလိမ်ခံလိုက်ရသလိုကြီး အသေအချာ မရှင်းပြတတ်ပေမယ့် ကျွန်တော်ရှက်တယ် လူတိုင်းကို ချေမိုးနေခဲ့ကောင်က ခုလိုမျိုး ခံလိုက်ရတာ ဆိုတော့လေ ကျစ်!.."

ခံစားချက်တွေကို အိတ်သွန်ဖာမှောက် ​ပြောပြရင်း Luggage ဘေးတွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်တဲ့ ရိပေါ်က Brown ရောင်ဆံနွယ်အုပ်အုပ်လေးကို ထိုးဖွကာ ငိုင်နေသည်..။ ရှောင်းကျန့်လည်း ထိုကောင်လေးဘေးတွင် ကပ်ထိုင်လိုက်ပြီး..

" ကျုပ်လည်း စူဖန်းကို ဒေါသထွက်တာပဲ ဘယ်လိုမှမထင်ခဲ့တဲ့ ကျုပ်သူငယ်ချင်းက နောက်ကျောကို ဓားနဲ့ထိုးခဲ့တာလေ ဒါပေမဲ့ ခင်ဗျာလေးက ချစ်တယ်ပြောလို့ တော်သေးတယ် ကျုပ်ဒေါသတွေ နည်းနည်း ပြေသွားပြီ "

ငိုချင်နေတဲ့ ရိပေါ့်မျက်လုံးတွေဟာ ရှောင်းကျန့်စကားကြောင့် ဇီးကွက်လို ပြူးကျယ်သွားခဲ့ပြီး မျက်နှာကလဲ ရယ်ချင်ပက်ကျိဖြစ်လာသည်..။

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔Where stories live. Discover now