Chapter (14)

1.3K 179 9
                                    

## Unicode ##

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾
_______________________

" အား..နာတယ်လို့ ကျန့်ကော ဖြေးဖြေးပါဆို "

"ငြိမ်ငြိမ်နေစမ်းပါ ခုမှ အော်ဟစ်မနေနဲ့ ယောင်္ကျားဖြစ်ပြီတော့.."

"ယောင်္ကျားဖြစ်တော့ ဘာဖြစ်လဲ နာတာက နာတာပဲ အားးး! သေပါပြီ စပ်လိုက်တာ "

လက်တစ်ဖက်ကို လှုပ်ခါရင်း ရိပေါ် က ခုန်ဆွခုန်ဆွနဲ့ ထအော်တယ်..။ ကြက်ခြံထဲက ကြက်ဥကောက်တာ ဘာခက်တာမှတ်လို့ ဆိုပြီး ဖေးလျန်နဲ့အတူ ဟိုဘက်ခြံက လူအိုကြီးကို သွားကူလိုက်မိပါတယ်..။ ခုတော့ လက်ဖမိုးပေါ် ​နှုတ်သီးရာတွေချည်းပဲ..။ ကြက်ဥကောက်တာမှာ နည်းလမ်းတွေ ရှိမယ်မှန်း ကိုယ်မှ မသိခဲ့တာကို..။

"ခုန်ပြီး အော်မနေနဲ့ ခြေထောက်ကို ထပ်ခိုက်မိဦးမယ် "

"ခင်ဗျား အပူမပါဘူး ဟင့်"

ရှောင်းကျန့်ကတော့ ဘယ်အချိန်ကတည်းက သူ့ကို ပြောချင်နေတာလဲ မသိဘူး ဆေးထည့်ပေးတာက နည်းနည်း ပွစိပွစိ လုပ်တာကများများ..။ ဒီပုံအတိုင်းဆို လက်ဖမိုးတင် မကဘူး နားကိုပါ ဆေးထည့်ရတော့မှာ ထင်တယ်..။

" မပြေးနဲ့လို့ ပြောနေတယ် ချော်လဲမယ်.. "

" ဟွန်း ဒါကဘယ်သူ့ကြောင့်လဲ ဆေးထည့်ပါဆိုမှ စပ်အောင် ထည့်ပေးရတယ်လို့ "

ကလေးဆန်ဆန် အပြောလေးကြောင့် ရယ်လိုက်မိကာ..

"အဟား....မစပ်တဲ့ဆေး ရှိလို့လားကွာ"

"ခင်ဗျားနော် ဘာရီတာလဲ မသိဘူး လာမမေးနဲ့ "

ဆေးထည့်ပေးတယ့် ကိုယ်ကို ရန်ရှာနေပေမယ့် ရှောင်းကျန့်မှာ စိတ်မဆိုးနိုင်ပဲ သူကမတ်တပ်ထတော့ ကိုယ်ပါ မတ်တပ် ထရပ်ကာ လိုက်ချော့ရသည်..။ ဖေးဖေးကိုတောင် သူဒီလောက်ထိ ချော့ဖူးတာ မဟုတ်ဘူး ဟိုကလေးက ကိုယ်တစ်ချက် အော်လိုက်တာနဲ့ ဖိတ်ဖိတ်တုန်အောင် ကြောက်ပြီးသား..။ ခုတော့ သူ့မှာ မြို့ကြီးသားလေးနဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ လုပ်နေရတယ်..။

" ကိုကို..ဖေးဖေး စူကောနဲ့ ယာထဲခဏ လိုက်သွားဦးမယ်နော် လောင်ဝမ် လဲ ကျားယို့ ဒီလောက်ကတော့ ပမွှားလေးပါ ဟုတ်တယ်မလား? "

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔Where stories live. Discover now