// Unicode //
ဧဒင်ဥယျာဥ်ကြီးထဲမှာ🌾
____________________" ကျန့်ကော.."
စီခနဲ အော်သံနှင့်အတူ မိမိနောက်ကို စွေ့ခနဲခုန်လာသော ကောင်ငယ်လေးကြောင့် ငါးစာကျွေးနေတဲ့ ရှောင်းကျန့်လက်က လေထဲမှာသာ ရပ်တန့်သွားပြီး..
"ဘာ ဘာ ဖြစ်လို့လဲ တစ်ခုခု လိုချင်လို့လား? "
ရိပေါ် က ဟဲခနဲ ထရယ်ကာ..
" ဟိုလေ အစ်ကို့အသားကို ထိတာမကြိုက်ဘူးဆိုရင် နောက်တစ်ခါ မထိတော့ပါဘူး..ကျွန်တော့်ကို စိတ်မဆိုးပါနဲ့နော်.."
စိတ်ဆိုးတယ်တဲ့လား..?
ဒီကောင်လေး က သူ့ကို အထင်လွဲနေတာပဲ..။" အင်း နေပူတယ် အရိပ်ထဲမှာနေ "
ရှောင်းကျန့်က ခပ်ပြတ်ပြတ် စကားဆိုပြီး ငါးစာကိုသာ ဆက်ကျွေးနေသည်..။ သို့ပေမဲ့ အနှောင့်အယှက်လေးက အငြိမ်မနေပါပဲ
"ပေး ပေး ကျွန်တော်ကူကျွေးပေးမယ် "
လက်ထဲက ငါးစာထုပ်ကို အတင်းလာလုနေတာမို့ ရှောင်းကျန့်မှာ နောက်ကို နည်းနည်းဆုတ်လိုက်ပြီး..
"နေစမ်းပါ ခင်ဗျားလေး အသားတွေ နေလောင်ကုန်ပါ့မယ် အရိပ်ထဲမှာပဲ သွားထိုင်ချည် "
" ကျန့်ကောကလည်းဗျာ ကျွန်တော်က ကူညီချင်လို့ပါဆိုနေ "
ရိပေါ်က အလျော့မပေးပဲ ငါးစာထုပ်ကို ပြန်ဆွဲနေတာမို့ အခြေအနေက ကသမ်းကယမ်းနဲ့ ရိုမက်တစ် ဆန်ချင်နေသည်..။ လူပျိုကြီးမှာ ကို်ယ့်အတွေးနဲ့ကိုယ် မျက်နှာက နီရဲလာခဲ့ပြီး..
"ကဲ..ကျွေးချင်သပ ဆိုလည်းကျွေးတော့ "
"ဟီးး "
အစကတော့ Crush ရဲ့အစ်ကိုကို ဖားချင်လို့ ငါးစာကျွေးချင်တာ ဆိုပေမယ့် ကန်ထဲတွင် ပါးစပ်တွေ ဟ ကာ အစာတောင်းနေသော ငါးများကိုကြည့်ပြီး ရိပေါ့်စိတ်တွေ လှုပ်ရှားလာသည်..။ ကိုယ်က အစာတစ်ဆုပ် ပစ်ချလိုက်တိုင်း အုံလိုက်ကျင်းလိုက် လုစားနေကြတာကြောင့် ကမ်းပါးပေါ် ရပ်နေတဲ့ သူ့ခြေထောက်တွေ ကိုတောင် ေရတွေစင်ကုန်သည်..။
" ပျော်စရာကြီးဗျာ..! နောက်နေ့လည်း ငါးစာဝိုင်းကျွေးပေးမယ်နော် ကျန့်ကော "
YOU ARE READING
ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔
Fanfiction[[ ZhanYi ]] Xiao Zhan is Seme❗ ခင်ဗျားက အာဒံဆို ကျွန်တော် က ဧဝဖြစ်ဖို့ဆန္ဒရှိတယ်..။ လာပါ..အချစ်သီးကို တူတူစားကြရအောင်..။ Ownstory 18.2.2021 #Sanaymoeswe