Chapter (4)

1.7K 239 10
                                    

#Unicode#

ဧဒင်ဥယျာဥ်ကြီးထဲမှာ
_____________________

" တက်လေ..."

"ဗျာ..! ဒီအပေါ်တကယ်ကြီး တတ်ရမှာလား..? "

စစ်ကူတောင်းသည့်အနေနဲ့ ဖေးလျန်ကို လှမ်းကြည့်လိုက်ခါမှ ပိုဆိုးသည်..။ Crush ပေါက်က ပါးချိုင့်များပေါ်အောင် ပြုံးရယ်ပြီး..

"တတ်လေကွာ..မြို့ထဲသွားဖို့ဆိုရင် ထော်လာဂျီ စီးရင်စီး မဟုတ်ရင် ဆိုင်ကယ်ကယ်ရီ ငှါးပြီး သွားရမှာ.."

"အာ..အင်းပါ "

စက်သံ တစ်ဒုန်းဒုန်းနဲ့အတူ ယမ်းခါနေသော ထော်လာဂျီပေါ် ကို တုန်တုန်ယင်နဲ့ တတ်လိုက်ရသည်..။လမ်းကကြမ်းသလို ဖုန်ကလည်းထူသည်..။ဆိုဒ်ထုတ်ပြီး ဝတ်လာတဲ့ Gucci မျက်မှန်ကတော့ ဖုန်မှုန့်ဖွေးဖွေးတို့နဲ့ ဝန်းရံခလို့..။

တစ်ကိုယ်လုံးက မသတီစရာ ကောင်းလောက်အောင် ဖုန်တောထဲ နစ်နေသည်ဟု ရိပေါ်ခံစားရတယ်..။ ထော်လာဂျီ မောင်းနေသော ရှောင်းကျန့်က လမ်းမှာ ဖြတ်သွားဖြတ်လာသူများကို လမ်းကြုံလိုက် စီးဦးမလားဟု ခေါ်နေသေးသည်..။ ဖေးလျန်ကလည်း အပြုံးကြီး တစ်ဝင့်ဝင့်နဲ့ တွေ့တဲ့လူတိုင်းကို လက်ယမ်းပြလို့..။ သူတို့ညီအစ်ကိုပုံစံက အောင်ပွဲခံလာတဲ့ စစ်သူကြီးနဲ့ လက်အောက်ခံ တပ်သားတွေလိုပဲ..။

" ဟေး..မြို့ပေါ်သွားမယ်ဆိုရင် ထော်လာဂျီပေါ်တတ်လေ "

" ဟိုဖြူစုတ်စုတ်နဲ့ ကောင်လေးက ဘယ်သူလဲ ဟုတ်လား အဲ့ဒါ ဖေးဖေးသူငယ်ချင်းလေ.."

"အားရင် ကျွန်တော့် ယာဘက်လှည့်ခဲ့ပါဦး "

ထိုသို့ အာပေါင်အာရင်း သန်သန်နှင့် တွေ့သမျှလူတိုင်းကို နှုတ်ခွန်းဆတ် လျှက်ရှိသည်..။ ဖေးလျန်ကလည်း ကိုယ့်ကိုဂရုစိုက်ဖို့ နေနေသာသာ ထော်လာဂျီပေါ် မတ်တပ်ရပ်စီးရင်း ခုန်ပေါက်နေသေးသည်..။ ထိုတင်အားမရသေး..ကိုယ့်ကိုပါ လှမ်းကြည့်လာရင်း..

"လောင်ဝမ် ခုလိုမတ်တပ် ရပ်စီးတာက ပိုပျော်ဖို့ကောင်းတာကွ..ဟီးးဟီးး"

"အင်း အင်းပါ မင်းပျော်ရင်ပြီးတာပါပဲ.."

စိတ်ထဲတွင်တော့ စူပွပွနဲ့ ရေရွတ်မိတယ်.. ဘာကို ပျော်ဖို့ကောင်းတာတုန်း ရှောင်းညီအစ်ကိုရ..! ထော်လာဂျီကိုများ အမိုးဖွင့်ပြိုင်ကား မှတ်နေလားမသိဘူး..။ နှစ်နှစ်လောက်ပေါင်းခဲ့တဲ့ Crush က ဆယ်ပြားလိုနေမှန်း ခုမှသိတော့တယ်..။

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔Donde viven las historias. Descúbrelo ahora