Chapter (23)

1.2K 141 8
                                    

## Unicode ##

ဧဒင်ဥယျာဥ်ကြီးထဲမှာ🌾
________________________

" ကိုကို မုန်ဖိုးပေး "

ယွမ် ×××တန်တစ်ချို့ကို ဖေးလျန်လက်ထဲသို့ ထည့်ပေးပြီး ကျန်ပိုက်ဆံ အထပ်လိုက်ကို ရိပေါ့်ပေါင်ပေါ် တင်ပေးလိုက်တဲ့ ရှောင်းကျန့်အမူအယာက အိမ်ထောင်ဦးစီးတစ်ယောက်လို ဝင့်ဝင့်ကြွားကြွားနဲ့..။

ရိပေါ်ကတော့ ဂိမ်းဆော့နေရင်းမို့ အာရုံသိပ်မရသော်လည်း ဖေးလျန်ကတော့ ဟွန့်ခနဲနှာမှုတ်ကာ..

" အိုင်ယား ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ ညီကမုန့်ဖိုးတောင်းရင် ကျောက်ခဲရေညှစ်သလို လုပ်နေတဲ့ ကျွန်တော့်အစ်ကိုကလေ သူ့ကောင်လေးကိုတော့ ရှယ်အမ်းတာတဲ့ "

"ဖေးဖေး ဘာတွေ လျှောက်အော်နေတာလဲ? "

"ဟွန့် မဟုတ်လို့လား ကိုကို့အတွဲကို antiလိုက်တော့မယ် ကျေးဇူးရှင်ကို ကျေးဇူးမသိတတ်ကြဘူး "

ခြံထဲကို ဘောက်ဆတ်ဆတ် နဲ့ ထွက်သွားတာမို့ ရှောင်းကျန့်မှာ သက်ပြင်းသာ ချလိုက်တော့တယ်..။ မသိရင် အစ်ကိုကို့ စိတ်ဆိုးသွားတယ်ပေါ့ အကြောင်းပြချက်ရှာပြီး ဟိုဘက်ခြံကို ကူးချင်နေတာလေ ဒီက မသိတာကျလို့..။

" ဒီပိုက်ဆံတွေက ဘာလုပ်ဖို့လဲ? "

ဖုန်းဆော့နေရင်း ရိပေါ်ကမေးတယ်..။

"ကန်ထဲက ငါးတွေ ရောင်းပစ်လိုက်ပြီလေ ဒါကြောင့် ပူတူးကို ပိုက်ဆံအပ်တာ "

" အမ်! ဘာလို့ရောင်းလိုက်တာလဲ ကျွန်တော်ငါးဟင်း ကြိုက်တယ်လေဗျာ!"

" သူ့အချိန်နဲ့ သူရောင်းရတာလေ ပူတူးရာ ဒီအချိန်မှ မရောင်းရင် စျေးကောင်း ရမှာ မဟုတ်တော့ဘူး "

"ဪ အဲ့လိုလား? "

"အင်းး အဲ့လို"

" ဂါး ရှုံးသွားပြီ "

အာရုံများနေတာမို့ ဂိမ်းကလည်း ရှုံးသွားပြီ ။ ဖုန်းကို ပစ်ချရင်း ရှောင်းကျန့်ရင်ခွင်ထဲ တိုးဝင်လိုက်တယ် တစ်မျိုးမထင်ကြပါနဲ့ Game ရှုံးလို့ Motiယူတာပါ ။ လူကြီးကတော့ အလိုက်သိချက်ပဲ ညင်သာစွာ ပွေ့ဖက်ထားပေးပြီး လက်ချောင်းတွေကိုတောင် နှိပ်နယ်ပေးလာတယ်..။

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔Where stories live. Discover now