# Unicode #
ဧဒင်ဥယျာဥ်ကြီးထဲမှာ🌾
_______________________သည်းမခံ နိုင်တော့တဲ့အဆုံး ရိပေါ်အသံစွာစွာလေးက ကွိစိ ကွစိနဲ့ ထွက်လာတော့တယ်..။
" ကျန့်ကောကလဲ လမ်းလျှောက်လေဗျာ ခုလိုကြီး ကျွန်တော့်ကို မှီထားတာတော့ အဆင်မပြေဘူးနော် "
အမူးသမားကလဲ ပက်ခနဲ ပြန်ပြောတယ်..။
" ခင်ဗျားလေးက ကျုပ်ကို ငြိုငြင်တာလား အချစ်ပေါ့တာလား ပြော.."
What!
ငြိုငြင်တာကတော့ ထားလိုက်တော့..။
ယီး ကိုအချစ်ပေါ့တာလား..?" ခုတော့ ခင်ဗျားလေးက ကျုပ်ကို ပလစ်ပြီပေါ့ "
အရက်သမား အရူးပါးကြီးပါလား..?
"ဘာ..ဘာတွေပြောနေတာလဲ..ဖေးလျန်..မင်းအစ်ကိုကို ကြည့်ထိန်းဦး ရူးကြောင်မူးကြောင်နဲ့..ဘာတွေပြောနေမှန်း မသိဘူး "
" ကျုပ် မမူးဘူး ရီဝေဝေဖြစ်နေတာ.."
ရှောင်းကျန့်မှာ ရိပေါ့်ကို မှီထားရာမှ ဖယ်ခွာလိုက်ပြီး ယိုင်တိုင်တိုင် နဲ့ ထိုသို့ ရန်တွေ့နေသည်..။ ရိပေါ်မှာ မျက်နှာရဲရဲနှင့် ခေါင်းကုပ်ကာ သူအရှေ့မှ စူဖန်းကို တွဲကာ လမ်းလျှောက်နေသော ဖေးလျန်ကိုသာ စစ်ကူအနေနဲ့ လှမ်းခေါ်လိုက်တယ်..။ သို့ပေမဲ့ Crush တို့က ပြန်ပြောလာပုံက ရိုက်သတ်ချင်စရာလေး...
" ကိုကိုက စကားများရုံပဲများတာ စူကောက တွဲတယ့်သူရဲ့ ဆံပင်ကိုလိုက်ဆွဲတာ မယုံရင်ကြည့်..ကြည့် "
မူးပေမယ့် အသိစိတ်ရှိသေးတဲ့ စူဖန်းက ထိုစကားအတိုင်း Follow လိုက်ကာ ဖေးလျန်ရဲ့ ဆံပင်အုပ်အုပ်လေးကို မနာအောင် ဆောင့်ဆွဲပြနေသည်..။ ဝူဟန်သားတို့ရဲ့ အော်စကာရမယ့် သရုပ်ဆောင်ချက်တွေက လန်ထွက်နေရော..။
"စူကော နာတယ်လို့ _"
"ဖေးဖေးကလဲ..သန်းရှာပေးမလို့ပါဆို "
အမူပိုနေတာမို့ စူဖန်းအသံက ကြက်ဆူဆီလို ချွဲပျစ်ပျစ်..။
"စူကောကလဲ ဖေးဖေးခေါင်းမှာ သန်းမရှိပါဘူးဆို.."
"သိဘူး သိဘူး ရှာမယ် ရှာမယ်"
တစ်ယောက်က မျက်နှာငယ်လေးနဲ့ ဆံပင်မဆွဲဖို့ တောင်းပန်နေရင်း တစ်ယောက်က ဝူးဝူးဝါးဝါးနဲ့အော်ဟစ်နေတယ်..။ အံဩစရာကြီးနော် မျက်စိတစ်မှိတ်အတွင်း MTV ရိုက်ပြသွားတာ ဘာမြန်သလဲ မမေးနဲ့..
KAMU SEDANG MEMBACA
ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔
Fiksi Penggemar[[ ZhanYi ]] Xiao Zhan is Seme❗ ခင်ဗျားက အာဒံဆို ကျွန်တော် က ဧဝဖြစ်ဖို့ဆန္ဒရှိတယ်..။ လာပါ..အချစ်သီးကို တူတူစားကြရအောင်..။ Ownstory 18.2.2021 #Sanaymoeswe