## Unicode ##
ဧဒင်ဥယျာဥ်ကြီးထဲမှာ🌾
_____________________" ခါကြက်ဥ 2kg မှ ×××ထဲနော် အလကားပေးသလိုမျိုး အရမ်းကိုတန်နေပြီ ကျွန်တော့်လို အသားအရည် လှချင်ရင်တော့ Ladyတို့က ခါကြက်ဥ စားပေးကြဖို့ မမေ့ပါနဲ့ "
ကိုယ့်အမျိုးသား စီးပွားရေးမို့ ရိပေါ်မှာ အာပေါင်အာရင်း သန်သန်နှင့် စျေးရောင်းလို့နေတယ်..။ ဘေးက ရှောင်ဖေးလျန်ကလည်း စူဖန်းရဲ့ ကြက်ဥတွေကို ပရိုမိုးရှင်း ချပေးနေလေရဲ့..။
"ကဲ ငယ်မွေးခြံပေါက် တောကြက်ဥ စစ်စစ်နော် တစ်ကဒ်ဝယ်ရင် တစ်ကဒ်လက်ဆောင်ရမယ် ဟေးး ကျယ်ကျဲ ဘာတွေငေးနေလဲ ပရိုမိုးရှင်းချတုန်း ဝယ်ထားလိုက် "
" ယားး..ဖေးလျန် ကြည့်လည်းလုပ်အုံး ကြက်ဥ တစ်ကဒ်ဝယ် တစ်ကဒ်လက်ဆောင်ကြီးကတော့ မဟုတ်သေးပါဘူး တော်ကြာ အရင်းပြုတ်နေဦးမယ် "
ဈေးဝယ်တွေ မကြားအောင် ရိပေါ်မှာ တိုးတိုးတိတ်တိတ် သတိပေးရတယ်..။ ရှောင်းဖေးလျန်ကတော့ သူ့အားဂုဏ်ဆာစွာ ပြုံးပြလာခဲ့ပြီး..
" အဟက်! ပြုတ်စရာလား တစ်ကဒ်ကိုနှစ်ကဒ်ဈေး တင်းထားတာလေ "
" ဘာ! "
" မင်းလိုမြို့ကြီးသားက ဘယ်သိမလဲ? ဒါကိုဈေးကွက် စီးပွားရေးလို့ခေါ်တယ် "
ရိပေါ်က လက်နှစ်ဖက်ကိုယှက်ကာ ဖေးလျန်အား ရှီးဖော်ဟု ခေါ်လိုက်တာမို့ ပုပုသေးသေးကြက်ဥသည်လေးမှာ တခွီးခွီးရယ်တော့တယ်..။
ကောင်ချောလေး နှစ်ယောက်ဘေး မိန်းမသားကြီးတွေ အုံနေပုံက ပုရွက်ဆိတ်အုံထဲ ပြုတ်ကျသွားတဲ့ သကြားနှစ်ခဲလိုပဲ ယွစိယွစိကိုဖြစ်လို့..။
သူတို့ သက်ဆိုင်သူ နှစ်ယောက်ဖြစ်တဲ့ ရှောင်းကျန့် နဲ့ စူဖန်းမှာတော့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ငြင်းခုန်နေကြတယ်..။
လက်ဖက်ရည်သောက်ပြီး ဘောလုံးပွဲအကြောင်း ငြင်းခုန်နေခြင်းမဟုတ်..။ ဘေးဝိုင်းက လူအချို့တောင် သူတို့နှစ်ယောက်ကို နားကြားမြင်ကပ်ကာ ဂျိုကြည့်ကြည့်နေကြပြီ..။
" ငါ့ပူတူးလေးက ပူတင်းလေး ကျနေတာပဲကွာ ပါးဖောင်းလေးကို ခုပဲပြေးညှစ်လိုက်ချင်တယ် "
YOU ARE READING
ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔
Fanfiction[[ ZhanYi ]] Xiao Zhan is Seme❗ ခင်ဗျားက အာဒံဆို ကျွန်တော် က ဧဝဖြစ်ဖို့ဆန္ဒရှိတယ်..။ လာပါ..အချစ်သီးကို တူတူစားကြရအောင်..။ Ownstory 18.2.2021 #Sanaymoeswe