#Unicode #
ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾
________________________ရောင်နီနုနုအောက်မှာ မနက်ခင်းဟာ အသက်ဝင်လို့နေသည်.။ ဘေးချင်းယှဥ်ကာ ပြေးလွှားနေသော လူရွယ်နှစ်ယောက်အနက် တစ်ယောက်မျက်နှာက အနည်းငယ် နီမြန်းနေခဲ့ကာ နောက်တစ်ယောက်ကတော့ စနောက်ကာ ရယ်မောလို့..။
" ရှောင်ရှောင်းကျန့် တော်တော့လို့ ပြောနေတယ်နော် "
" ကျုပ်မဟုတ်တာ ဘာများပြောမိလို့လဲ ဟ ဟားး "
"မပြောနဲ့ဆိုဗျာ..တကယ်ပဲ "
ဟုတ်လွန်းလို့ မပြောခိုင်းတာလေ..။ အကောင်းပိစိလေးတွေနဲ့ တီကောင် တို့ ပိုးဟပ်တို့ကြောက်တာ ကို မနေ့က ဖေးလျန်အောက်ဖဲလှန်လို့ ဘဲကြီးက သိသွားရော..။ အဲ့တာ ဒီမနက်ထိ စလို့ နောက်လို့ကို မပြီးတော့ဘူး အာ ဒါနဲ့ စကားမစပ် မနေ့က ကျွန်တော် မုဒိန်းကျင့်မခံရသလို စော်ကားလည်း မခံလိုက်ရပါဘူး ။ မီးက 18 စက္ကန့်လောက်ပဲ ပြတ်ပြီး ပြန်လာတာဆိုတော့လေ..အင်းး ကံကောင်းလို့တယ်လို့ပဲဆိုရမလား..? မီးသာ 18 မိနစ်လောက် ပြတ်သွားတာ ခဲ့ရင် 18+ဇာတ်ဝင်ခန်းကို ကိုယ်တိုင်ကိုယ်ကျ သရုပ်ဝင်ဆောင်ရတော့မှာ..။ ငါ့နှယ်မတွေးရဲစရာပါပဲ ။
ဘေးက ကိုယ်နဲ့အတူ ယှဥ်ပြေးနေတဲ့ ပါးဖောင်းဖောင်းနဲ့ ကောင်ငယ်လေးက ပါးမို့တွေရဲတွတ်အောင် ရှက်ရွံ့လျက်ရှိပြီး ပါးစပ်ကလဲ ပတွတ်ပတွတ်နဲ့မို့ သူ့ကိုကျိန်ဆဲနေမှန်း ရှောင်းကျန့်သိသည်..။ ထိုချစ်စရာကောင်လေးကို ဘူလီချင်စိတ်ကြောင့် ရယ်မောခြင်းကို အတော်မသတ်နိုင်တော့ပဲ..
" ဟားးဟားး ခင်ဗျားလေးပုံစံက တကယ့်ကို..ခွီးးး"
"လိ့ပဲ ရှောင်းကျန့်ရာ "
လက်ခလယ်နှစ်ချောင်းကို ပြိုင်တူထောင်ပြပြီး ရိပေါ်က မျက်စောင်းချီတယ်..။ ရှောင်းကျန့်ကတော့ သွားကြီးအဖြီးသားနဲ့
"ရိုင်းလိုက်တာ ကိုယ်ယောင်္ကျားကို အဲ့လိုပြောရလား..? "
" မဟုတ်တာ မပြောနဲ့ "
ထစ်ထစ်အအနဲ့ ပြန်ငြင်းမိတယ်..။ သူနဲ့အိပ်ဖူးတိုင်း ငါက ယူရတော့မှာလား အံဩစကွဲယားပါနော် ဟွန့်..။ ရှောင်းကျန့်ကတော့ ပြုံးစစအမူအယာနှင့် ဆက်ပြီး
YOU ARE READING
ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔
Fanfiction[[ ZhanYi ]] Xiao Zhan is Seme❗ ခင်ဗျားက အာဒံဆို ကျွန်တော် က ဧဝဖြစ်ဖို့ဆန္ဒရှိတယ်..။ လာပါ..အချစ်သီးကို တူတူစားကြရအောင်..။ Ownstory 18.2.2021 #Sanaymoeswe