Chapter (17)

1.4K 175 13
                                    

## Unicode ##

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾
_______________________

ဖေးလျန်မွေးနေ့က နီးကပ်လို့လာလေလေ ရှောင်ဖေးလျန် ကို ဖမ်းမရလေဖြစ်နေသည်..။ ဒီလောက်ထိ မျက်စိဒေါက်ထောက် ကြည့်နေတယ့်ကြားထဲ ရှူးရှူးပေါက်နေချိန် ခဏလေးမှာ ဘယ်ရောက်သွားမှန်း မသိဘူး..။

အိမ်ရှေ့ကွပ်ပြစ်မှာတော့ ရှောင်းကျန့်က သီချင်းလေးညည်းကာ ငရုပ်ပွသီးများကို ခြင်းတောင်းထဲ ထည့်နေတယ်..။ ဘေးမှာလည်း အသီးခြင်းတွေက ပုံထပ်​နေတာမို့ ရိပေါ်သိလိုက်ပါပြီ ဒီဘဲကြီး မြို့ပေါ်စျေးသွားရောင်းတော့မယ် ဆိုတာကို..။

"ယောက်ဖ ဘာတွေလုပ်! "

ရိပေါ်က စပ်ဖြီးဖြီးနဲ့ ရှောင်းကျန့်ကို လောကွပ်လုပ်တယ်..။ တောသားကြီးမှာ ထိုနာမ်စားကြောင့် မျက်မှောင်ကျုံ့လိုက်ပြီး..

" ကျုပ်ကို အဲ့လိုမခေါ်ဖို့ ပြောထားတယ်လေ ဖေးဖေးနဲ့ညားမှ ခေါ် "

" မကြာခင် ညားတော့မှာပဲဟာကို "

နှုတ်ခမ်းတထော်ထော်နဲ့ ရန်တွေ့လာတာမို့ ရှောင်းကျန့်မှာ တံတွေးမျိုချပြီး စိတ်ထိန်းလိုက်ရတယ်..။ ပြွတ် ပြွတ် လုပ်ချင်အောင် မြှူဆွယ်နေတော့တာပဲ..။

" ဘာလို့ အဲ့လောက် သေချာနေရတာလဲ ဖေးဖေးမှာ ချစ်သူရှိနေရင် ဘယ်လိုလုပ်မှာလဲ? "

" ဟာ...အဲ့လိုဖြစ်ခဲ့ရင်တောင် ခင်ဗျားကြီးက ကျွန်တော်နဲ့ပဲ သဘောတူပေးရမှာလေ ဖေးလျန်နဲ့ညားဖို့အရေး ဒီxင်ကြီးကို နေကြာခင်းထဲမှာ တမုန်းဆွဲပြီးသွားပြီ မဟုတ်ဘူးလား ခုမှ သူတော်ကောင်းယောင် ဆောင်မနေနဲ့ လူယုတ်မာကြီး.."

ဖင်လုံးလုံးလေးကို လက်နဲ့ပုတ်ပုတ်ပြီး ပြောနေတာမို့ လက်ပတ်ကြိုးတွေက တချွင်းချွင်းနဲ့ မြည်သံပေးတယ်..။ မျက်တောင်စိပ်စိပ်တို့ကို eye liner အမဲခြယ်ထားတာမို့ ရန်ထောင်နေပုံက လူဆိုးပေါက်စနဲ့ တူနေတယ်..။ဘယ်လိုပင် ရန်တွေ့နေပါစေ မြို့သားလေးက ချစ်စရာကောင်းနေတာမို့ စချင် နောက်ချင်စိတ်က ထိန်းမရတော့..။ထို့ကြောင့်

" လူယုတ်မာ လူယုတ်မာဆိုပြီး သိပ်ခံတွင်းတွေ့နေတယ်ပေါ့ အိမ်မှာဘယ်သူမှ မရှိတုန်း ကျုပ် ထပ်ပြီးယုတ်မာလိုက်ရမှာလား..? "

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔Tahanan ng mga kuwento. Tumuklas ngayon