Chapter (10)

1.6K 201 17
                                    

[[ UNICODE ]]

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾
_______________________

" ဒါဆို သခင်လေးက ကျောင်းဖွင့်မှ ပြန်လာမှာပေါ့ "

Screen ပေါ်မှာ မြင်​ေနရတဲ့ ဦးလေးမုထုံ ကို ရိပေါ်က ခေါင်းညိမ့်ပြလိုက်တယ်..။ တစ်ဖက်က ရတတ်မအေးနေပုံနှင့်..

"ကျန်းမာရေး ဂရုစိုက်ပါနော် ေငွကြေးလိုအပ်ရင်လည်း ___"

ရိပေါ် က လက်ကာ ပြလိုက်တာကြောင့် မုထံုံ မှာစကား ရပ်သွားသည်..။ ဘာကို ငွေကြေးလိုမှာလဲ..? ဒီမှာ ခုချိန်ထိတော့ ဘာ့မှ သုံးဖြုန်းစရာ ရှိမနေဘူး..။ luggage ထဲက ပိုက်ဆံအထပ်လောက်တောင် မှိုတတ်နေပြီလား မသိ..။

" ကိုယ်တော်လေး ထမင်းစားလို့ ရပြီနော် "

" အာ..လာပြီလို့ ဦးလေးမု ဒါပဲနော် နောက်မှဖုန်းပြန်ဆတ်လိုက်မယ် "

"ဟုတ်ကဲ့ သခင်လေး "

ဦလေးမု နဲ့စကား အမြန်ဖြတ်ပြီး ရိပေါ် အိမ်ထဲဝင်လာလိုက်တယ်..။ ထုံးစံအတိုင်း ထမင်းဝိုင်းမှာ လူသုံးယောက်က သူ့အား စောင့်ဆိုင်းနေကြသည်..။ စူဖန်း နဲ့ ရှောင်းကျန့်က သူငယ်ချင်းတွေမို့ အရင်ကတည်းက ထမင်းအတူစားနေကြပင်..။ ဖေးလျန်ဘေးတွင် ကပြာကယာ ဝင်ထိုင်လိုက်ပြီး..

" Sorry! အိမ်တော်ထိန်းကြီးနဲ့ Vd callပြောနေလို့ "

" ဘာလဲ! မင်းအိမ်က ပြန်ခေါ်နေပြီလားဟင်! "

ေဖးလျန်က ငိုမဲ့မဲ့လေးဖြစ်နေသည်..။ လောင်ဝမ့်ကို မပြန်စေချင်သေးဘူး ကိုကိုနဲ့အခြေအနေ တစ်ခုရောက်ပြီးမှဆိုရင် တစ်မျိုးပေါ့..။ ရှောင်းကျန့်မှာလည်း ထိုစကားဝိုင်းတွင် ဝင်မပါသော်လည်း ထမင်းစား​ေနရင်း နားထောင်နေမိတယ်..။ စူဖန်းကတော့ ဟိုကြည့် ဒီကြည့်နဲ့ အကဲခတ်နေတယ်..။

" မပြန်သေးပါဘူး ငါက ကျောင်းဖွင့်မှ မင်းနဲ့အတူပြန်မှာ "

ဆံပင်အုပ်အုပ်လေးကို စိတ်မထိန်းနိုင်ပဲ ဆွဲဖွမိတော့ ဖေးလျန်က ငြိမ်ခံနေပြီး

"ဟေးး! ဒါမှ ငါ့ရဲ့လောင်ဝမ်ကွ "

အမှန်ပဲ ငါက မင်းရဲ့လောင်ဝမ်..။ရိပေါ် မျက်နှာထက် အပြုံးတွေ ဝေဆာနေတယ်..။ ထမင်းစားရန် ငွေတူကို ကောက်ကိုင်ပြီးမှ ထမင်း ပန်းကန်လုံးပေါ်တွင် မို့မောက်နေသော ငါးအသားထစ်တွေကို ကြည့်ပြီး မျက်လွှာပင့် ကြည့်မိတယ်..။ ရှေ့က လူကြီးကတော့ သူ့ကိုကြည့်မနေပဲ သက်တောင့်သက်သာပင် ထမင်းစားနေသည်..။

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔Where stories live. Discover now