Chapter (18)

1.3K 159 6
                                    

## Unicode ##

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾
_________________________

" အား... အားး စပ်တယ်..ယီးပဲ ပူလိုက်တာ ကျစ်! ခဏလောက် လာပါဦး ကျန့်ကော ကျန့်ကောရေ "

အိပ်ခန်းထဲက တိုးသဲ့စွာ လျှံထွက်လာတဲ့ အသံဆာဆာလေးကြောင့် ဧည့်ခန်းထဲမှာ ထိုင်နေသော လူသုံးယောက်လုံးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိသွားရင်း..

" အဲ့ဒါလောင်ဝမ် အသံမလား? "

" အင်း..ဖေးဖေးလည်း ကြားလိုက်တယ် ကိုကို့ကိုခေါ်နေတာ လာဦးတဲ့ "

ရှောင်းကျန့်မှာ ကျန့်ကောဆိုတဲ့ နာမ်စားကို ကြားလိုက်သော်လည်း ဇဝေဇဝါနှင့်သာ..။ မြို့သားလေးက သူ့ကိုစိတ်ဆိုးနေတယ့်အပြင် ခုနကလည်း ရေချိုးမယ်ဆိုပြီး အခန်းထဲဝင်သွားတာလေ ဘာကိစ္စကြောင့် သူ့ကိုခေါ်ရမှာလဲ? ဧကန္တ နားကြားများ လွဲလေသလား?

" အားး! ရှောင်ရှောင်းကျန့် နားမပါဘူးလားလို့.."

"ဟမ်! "

လိပ်ခေါင်းထွက်မတတ် အော်သံနက်နက်ကြီးကြောင့် သုံးယောက်သား အိပ်ခန်းထဲသို့ ရောက်သွားကြသည်..။ ကုတင်ပေါ်တွင် အပုံလိုက်ချွတ်ထားသော အဝတ်အစားများက ဟိုတစ်စု ဒီတစ်စု ရှုပ်ပွနေပြီး မြို့ကြီးသားလေးကတော့ ရေချိုးခန်းထဲမှာ တ Shit Shit နဲ့ ဆဲဆိုလို့ကောင်းနေဆဲ..။ တံခါးကိုခေါက်ရင်း..

" ဟေး..ကိုယ်တော်လေး အထဲမှာ ဘာဖြစ်တာလဲ?"

" လောင်ဝမ်ရေ ပိုးဟတ်တို့ တီကောင်တို့ တွေ့တာဆို မကြောက်နဲ့နော် ငါလာဖြေရှင်းပေးမယ် "

ဖေးလျန်က သူစိတ်ထင်တာကို ပြောပြီး ရေချိုးခန်းတံခါးကို ဆွဲဖွင့်ရန်ပြင်တယ်..။ သို့ပေမဲ့ အထဲက ကောင်ငယ်လေးမှာ သွေးရူးသွေးတန်းနှင့်..

" ဖေးလျန် မင်းဝင်မလာနဲ့နော် ကျန့်ကောပဲဝင်လာခဲ့.."

" ကျုပ်က ရေချိုးခန်းထဲ ဝင် ဝင်လာရမှာလား? "

ရှောင်းကျန့်က လေသံတုန်တုန်နဲ့ မေးနေသလောက် ရိပေါ်ကတော့ ဒေါသထွက်နေဟန်ဖြင့်..

"လာ..ခပ်မြန်မြန်ဝင်လာခဲ့ ခင်ဗျားကြီးကို ပြန်ဖြေနေရတာနဲ့ ကျွန်တော်သေတော့မယ်လို့ "

ဧဒင်ဥယျာဥ်ကြီးထဲမှာ 🌾 [ COMPLETED ] ✔Where stories live. Discover now