မင်းကိုမချစ်ဘူး 2

5K 411 11
                                    

                              

သူတို့ပွဲဆီကို သွားတဲ့လမ်းမှာ Jimin တစ်ယောက်ဗိုက်နာလာတော့ Taehyung နဲ့ Hoseok ကိုအရင်သွားခိုင်းလိုက်ပြီး သန့်စငမခန်းသို့ ပြေးသွားတော့တယ်။

'ဘုတ် ' 'ရှီးတဲ့မှ' ဗိုက်နာနာနဲ့ပြေးတော့ Jimin လူတစ်ယောက်နဲ့ဝင်တိုက်မိလေခြင်း ။

Jimin က

" ခင်ဗျား လူတစ်ယောက်လုံးပြေးလာတာ မမြင်ဘူးလား ''

ထိုလူမှလည်း

" လူတစ်ယောက်လုံးလာနေတာကို မမြင်ရအောင် နောက်က ဘယ်သူလိုက်လာလို့လဲ ''

" ဟမ် ''

ကျောင်းမှာ ဘယ်သူကမှ သူ့ကို ပြန်မပြောရဲကြဘူး ဒါနဲ့ ဒီလူက ဘယ်သူလဲ ရုပ်ကချောသလောက် အဲ သူငါ့လောက်မချောပါဘူး
အဟက် park jimin ကိုလာစမ်းနေတာလား

" အဟားးး မင်းကိုကြည့်ရတာ ဒီကျောင်းက မဟုတ်ဘူးထင်တယ်''

ထိုလူက မျက်ခုံးပင့်လိုက်ပြီး သူ့ကို မိုက်လား ဆိုတဲ့ပုံနဲ့ကြည့်နေတာ Jimin အတွက် အလွန်စိတ်တိုဖို့ကောင်းနေသည် ။

" ငါဒီကျောင်းကမဟုတ်ရင် ဒီနေရာမှာရှိစရာလိုလို့လား ဟက် ''

" ရားး နေအုံး ခနနေပြန်တွေ့မယ် အခု အခု.... ''

ရှီးတဲ့မှ ငါ့ဗိုက်က ဒီလိုအချိန်မှာ နာရလားကွာ ဒင်းကြောင့် ငါ့ သိက္ခာလေးကျတော့မှာပဲ ။ ထိုလူက သူ့ကို စိတ်ပူတဲ့အရိပ်အယောင်လေးတောင်မပြပါလား အဲလေ ငါဘာဖြစ်။

" အခုလည်းတွေ့နေကြတာပဲလေ ဘာလုပ်ချင်လဲ ''

ဆိုပြီး Jimin ထံသို့ ရှေ့တိုးလာပြီး မေးတော့ ခန္ဓာကိုယ်နှစ်ခုပူးကပ်တဲ့အခြေအနေရောက်သွားလေသည် ။ Jimin ကသူ့ကို တွန်းလိုက်ပြီး

" အခု အိမ်သာသွားအုံးမယ်လို့ပြောချင်တာပါ ခင်ဗျားကလည်း ခုမှတွေ့ဖူးတဲ့သူကို လူမိုက်စတိုင်လာပြနေတယ် ''

" အဟက် ကိုယ်က လူမိုက်လေ ကြေးစားလူမိုက် ''

" ကြေးစားလူမိုက်ကလည်း ယုန်သွားကြီးနဲ့ ဟားဟားဟား ''

ထိုလူမှာ Jimin ကြောင့် မချင့်မရဲဖြစ်သွားပြီး

" မင်းကရော ခုမှတွေ့ဖူးတဲ့သူကို စွပြနေတာ ဘယ်သူမို့လို့လဲ ''

မင်းကိုမချစ်ဘူး ( Completed) Tempat cerita menjadi hidup. Temukan sekarang