Jungkook နဲ့ Jimin နှစ်ယောက်သားအသီးသီးကျောင်းပြီးသွားကြသော် Jungkook က ကုမ္ဗဏီတွင် ဖခင်၏အရိုက်အရာကိုရယူပြီး Jimin ကတော့ သူငယ်ချင်း Hoseok နဲ့အတူ coffee ဆိုင်လေးဖွင့်သည်။ သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းကတော့ အတားအဆီးဟူ၍မရှိသေးပါ ဒါပေမယ့် Jungkook က အချိန်တိုင်းလိုလို အလုပ်ကိုဦးစားပေးလွန်းသောကြောင့် တစ်ခါတစ်လေ စကားများဖြစ်ကြသေးသည်။
မိုးလင်းရင်တော့ ပြန်တည့်ကြစမြဲပင် ။" Kookie ဒီညနေအချိန်ရလား ''
" အာ ကိုဒီနေ့အရေးကြီးဧည့်သည်တစ်ယောက်နဲ့ချိန်းထားတာရှိတယ် ဘာလို့လဲ Min လေး ''
" ဟူး ဘာမှမဟုတ်ပါဘူး ''
နှုတ်ခမ်းစူထားသော Jimin ကို Jungkook က အသည်းယားစွာပါးကိုဆွဲညှစ်လိုက်ပြီး
" စိတ်ဆိုးသွားပြန်ပြီလား အချစ်လေး ''
" မဆိုးပါဘူး ''
" မဆိုးဘူးသာပြောတာ ဟောဒီနှုတ်ခမ်းလေးက ဘာလို့စူထားတာလဲ အချစ်လေး ''
ချော့ရင် ' အချစ်လေး' လို့သုံးနှုန်းတတ်တဲ့သူ့ကို Jimin သူ့ကို အကြာကြီး စိတ်မဆိုးရက်ပါ ။
" သွားပါ လူကို အချစ်လေး အချစ်လေးဆိုပြီး ပြောနေတော့ စိတ်မဆိုးရက်ပါဘူး ''
" စိတ်ဆိုးပြေသွားပြီဆိုတော့ ကိုအလုပ်သွားလိုက်အုံးမယ်နော် ချစ်တယ် ''
ဆိုကာ Jimin ရဲ့နဖူးကို အနမ်းလေးတစ်ချက်ခြွေလိုက်ပြီး အလုပ်ကိုသွားလေသော Jungkook ။ Jimin လည်း ပြင်ဆင်ကာ coffee ဆိုင်သို့ ထွက်လာလိုက်သည်။
Kim အိမ်တော်၌ဖြစ်သည်။
" Taehyung မင်းအမေသက်သာလာပြီဆိုတော့ မင်းပျော်နေတယ်မလား ''
Kim သခင်ကြီးရဲ့အမေးကို Taehyung ကမပြုံးရုံတမယ်ပြုံးလိုက်ပြီး
" ဟုတ် အဖေ ကျနော်အတိုင်းထက်အလွန်ပျော်မိပါတယ် ''
" အေးပါ မင်းပျော်ရင် အဖေလည်းကျေနပ်ပါတယ် ဒါနဲ့ အဖေ့ကို တစ်ခုပြန်လုပ်ပေးရမယ် ''
" ပြောပါ ကျနော်ဘာလုပ်ပေးရမလဲ ''
" မင်း Jungkook နဲ့ Jimin ကို ကွာရှင်းအောင် လုပ်ပေးရမယ် ''
YOU ARE READING
မင်းကိုမချစ်ဘူး ( Completed)
Fanfictionမင်းကို နာကျင်မှုတွေပဲပေးလို့ ငါ့ကို မချစ်ပါနဲ့