မင်းကိုမချစ်ဘူး 4

3.9K 423 24
                                    


" အစ်ကိုလေး အစ်ကိုလေးရှင့် ''

မနက်စောစော အိမ်အကူကောင်မလေးနှိုးသံကြောင့် Jimin စိတ်တိုသွားသည် ။ ကြားပါများလို့ နားဝင်ချိုတဲ့ထဲ သူမ မပါပေ။

" ဒီမှာ ငါမထချင်သေးဘူး လာမနှိုးနဲ့ ''

" ဟို အစ်ကိုလေးအမေက အတင်းနှိုးခိုင်းလိုက်လို့ပါနော် ထပါရှင် အောက်မှာ အမေကြီးက မနက်စာစားဖို့စောင့်နေပါတယ် ''

Jimin စိတ်မရှည်စွာနဲ့ ထလိုက်ပြီး

" မထဘူး လို့ပြောနေတယ် မကြားဘူးလား ခုချက်ချင်း ငါ့အခန်းထဲကနေထွက်သွား ငါအိပ်ရေးမဝသေးဘူး ''

အိမ်အကူကောင်မလေးခဗျာ ပြောလို့မရတော့ အောက်ထပ်ကိုဆင်းလာလိုက်သည် ။ အောက်မှာစောင့်နေသော Jimin အမေက

" Jimin ရော မီဂျင်း ''

" မေကြီး သူ သူ... ''

" ငါသိပြီ နင်မနက်စာစားဖို့ပြင်ထားလိုက် ငါ Jimin ကိုသွားနှိုးလိုက်အုံးမယ် ''

ဒီကောင်လေးကို အလိုလိုက်ထားတော့ နေချင်သလိုနေနေပါလား။ မဖြစ်သေးပါဘူး ဒီလိုလွှတ်ထားလို့မဖြစ်တော့ဘူး တစ်ခုခုစီစဥ်မှဖြစ်တော့မယ်။

Jimin အခန်းထဲရောက်တော့ စောင်ထဲကွေးနေအောင်အိပ်နေသည့် သူမရဲ့တစ်ဦးတည်းသောချစ်သားလေး ကိုတွေ့ရသည်။

" Jimin ထတော့ Jimin ထတော့လို့ '' လို့

အိမ်အကူကောင်မလေးပုံစံနဲ့ပြောလိုက်တော့

" အမယ် နင်ကများငါ့ကို Jimin တဲ့လား ဟားဟားဟား လာစမ်း နင့်ကိုငါ ပြောထားတယ်လေ အစ်ကိုလေး လို့ပဲခေါ်ရမယ်လို့ ''

ဆိုပြီး သူ့အမေကို အိမ်အကူကောင်မလေးအထင်နဲ့ နားရွက်ဆွဲလိုက်သည်။ တစ်ဖက်ကလည်း ဒီလိုလုပ်မယ်လို့ထင်မထားတော့ လန့်သွားသည်။ ဒီကောင် သူ့အမေကို နားရွက်ဆွဲလိုက်တာလား ..

" နင်ဒီလိုပဲ နေနေတော့မှာလား park jimin ''

" ဟင် မေမေ သားတောင်းပန်ပါတယ် သားဟိုကောင်မလေးမှတ်လို့ ''

" ငါ့နှယ် မဖြစ်တော့ဘူး ငါ့သားမင်းကို ဒီအတိုင်းထားလို့မဖြစ်တော့ဘူး ''

မင်းကိုမချစ်ဘူး ( Completed) Where stories live. Discover now