မင်းကိုမချစ်ဘူး 19

2.2K 213 1
                                    


ဒီနေ့နဲ့ဆို ကျွန်တော့်ဆီကနေ Jimin ssi ထွက်သွားတာ တစ်ပတ်ပြည့်သွားပြီ ။ ကိုယ့်ကို ထားသွားတဲ့သူကို လိုက်ရှာနေရတာနဲ့  ကုမ္ဗဏီကိုလည်းမသွားဖြစ်ပါ Jimin ssi ထက် ဘယ်အရာမှ အရေးမကြီးဘူးလေ ။ သူ့ကိုမေ့နိုင်မလားဆိုပြီး alcohol သောက်တာ တစ်စက်မှမမေ့နိုင်ဘူးဗျာ မူးလေ သတိရလေပါပဲ ~ ဘယ်တွေရောက်နေတာလဲ? လွမ်းလိုက်တာ ချစ်သူရယ် ။

" သားရယ် အရက်တွေမသောက်ပါနဲ့တော့ ကျန်းမာရေးထိခိုက်မယ်  ''

စိုးရိမ်စွာပြောလာတဲ့ ကျွန်တော့်ချစ်သူရဲ့အမေ~ သားထွက်သွားလို့ ရင်ကွဲမတတ်ခံစားနေရတဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက်နဲ့ ကိုယ်ချစ်ရတဲ့သူထွက်သွားလို့ သေမတတ်ခံစားနေရတဲ့ ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်က တူညီလေမလား သေချာတာက နှစ်ယောက်စလုံး နာကျင်ရမည်ပင်။ Jimin ssi ပျော်ရဲ့လား မင်းကိုချစ်တဲ့ လူနှစ်ယောက်ကို ထားပြီးထွက်ပြေးသွားလို့ ~

" မသောက်တော့ပါဘူး အရက်သောက်ရင် နေလို့ကောင်းသွားမယ်ထင်တာကို သူ့ကိုပိုသတိရနေတယ် အဟက် ''

" အဖေ့ဆီကိုလည်း သွားနေချင်သွားနေလေ
သူသားကို အရမ်းစိတ်ပူနေတယ် ခနခနဖုန်းဆက်ပြီး သားအဆင်ပြေမပြေမေးနေတာ ''

" Jimin က သူမရှိတဲ့ချိန် အမေ့ကိုဂရုစိုက်ပေးဖို့ပြောထားတာလေ သားက ဘယ်လိုလုပ် အမေ့ကို တစ်ယောက်ထဲထားသွားနိုင်မှာလဲ အဖေ့ကိုစိတ်ပူပေမယ့် သားသိတယ် အဖေက ကြံ့ခိုင်တယ် အဆင်ပြေနေမှာပါ ''

" သားရယ် ''

Park ari စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမပြောနိုင်တော့ဘဲ Jungkook ကို ဖက်လိုက်သည်။ Jimin အတွက် အမေကပဲ တောင်းပန်ပါရစေ ပြီးတော့ သူ့ကို ချစ်ပေးတဲ့အတွက် ကျေးဇူးတင်တယ် သားဆိုးလေးကို မမုန်းဘဲ ဆက်ချစ်ပေးတဲ့အတွက်လည်း တကယ်ကျေးဇူးတင်တယ် ။

" သား အပြင်သွားလိုက်အုံးမယ် ''

" အင်း အင်း ကားကိုဂရုစိုက်မောင်းနော် ''

" ဟုတ် အမေ ''

အမေ့ကိုထားမသွားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် သားပျောက်လို့ရူးတော့မယ့်ဆဲဆဲ Jungkook က ထွက်မသွားဘဲ အနားမှာ ရှိနေပေးတယ် ။

မင်းကိုမချစ်ဘူး ( Completed) Where stories live. Discover now