မင်းကိုမချစ်ဘူး 21

2.6K 206 6
                                    


ရှယ်ယာရှင်များစုဝေးသော အစည်းအအဝေးခန်းမတစ်ခန်း၌ဖြစ်သည်။ ထိုအခန်းထဲတွင် Park CEO နဲ့ Jeon CEO တို့လည်းရှိကြသည်။
သူတို့တစ်ခုခုအတွက် ဆုံးဖြတ်ရန် စီစဥ်နေကြသည် ။

" လက်မခံနိုင်ပါဘူး Kim ကုမ္ဗဏီနဲ့ပူးပေါင်းဖို့က မဖြစ်နိုင်ဘူး ကျွန်တော်မျိုး ကန့်ကွတ်ပါတယ် ''

တစ်ဖက်မှာလည်း

" Kim ကုမ္ဗဏီက စီးပွားရေးလည်ပတ်မှုရှိတယ် Park ကုမ္ဗဏီမှာ သူ့လူတွေရှယ်ယာဝင်ထားတဲ့သူတွေလည်းရှိတယ် ကျွန်တော်မျိုးကတော့ Kim ကုမ္ဗဏီနဲ့ပူးပေါင်းဖို့ လက်ခံတယ် ''

သူ့လူကိုယ့်လူတွေ အငြင်းအပွားဖြစ်ကြတော့ Park CEO က

" အားလုံးတော်ကြတော့ ကျွန်မလည်း လက်မခံနိုင်ပါဘူး Kim CEO က လူကောင်းမဟုတ်ဘူး ယုံရတာလဲမဟုတ်ဘူး ကျွန်မရဲ့သားကိုလည်း သတ်ဖို့လုပ်ခဲ့တဲ့သူကို လက်မခံနိုင်ပါဘူး ''

" အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲခြားစေချင်ပါတယ် Park CEO ''

ရှယ်ယာရှင်တစ်ယောက်က ထ​ပြောတော့ တခြားသူများလည်းထကာ

" ထောက်ခံပါတယ် ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ကုမ္ဗဏီကို မထိခိုက်စေချင်ဘူး လက်မခံဘူးဆိုရင် ကျွန်တော်တို့အားလုံး ဒီကနေနှုတ်ထွက်သွားရပါမယ် ''

ထိုစဥ်

" ထွက်သွားချင်တဲ့သူထွက်သွားကြပါ ဘယ်သူနစ်နာမှာလဲ သေချာတာတော့ ခင်ဗျားတို့ အလုပ်လက်မဲ့ဖြစ်သွားမှာပဲ ''

ဆိုပြီး Seok jin နဲ့အတူ လူတစ်ယောက်ဝင်လာတော့ အားလုံးအံ့သြသွားကြသည်။ Jeon CEO က

" မင်းတို့က ဘယ်သူတွေလဲ ''

" ကျွန်တော်က Seok Jin ပါ သူက မူယောင်းပါ အရင်ကKim ကုမ္ဗဏီရဲ့ CEOဖြစ်တဲ့ Kim Johnny  ရဲ့ သားကြီးပါ သူကတော့ လူယုံတော်ပေါ့ ''

( Kim Johnny = အစ်ကို Kim Robert = ညီ
နာမည်စဥ်းစားမရလို့ ခုမှရေးဖြစ်တယ် မီယာနဲ)

" ဟင် Johnny မှာ သားရှိတာလား သူက လူလွတ်မဟုတ်ဘူးလား ''

" သခင်ကြီးက နိုင်ငံခြားမှာ အနေများတော့ မိသားစုရှိတာ သိပ်မသိကြပါဘူး သားနှစ်ယောက်ရှိပါတယ် သူနဲ့ Taehyung ပါ ''

မင်းကိုမချစ်ဘူး ( Completed) Where stories live. Discover now