မင်းကိုမချစ်ဘူး 5
အခန်းထဲရောက်တော့ နှစ်ယောက်အိပ်ခုတင်တွင်အိပ်မောကျနေကြသော သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းတွေ ။ Tae နဲ့ Hobi ကြားတွင် Yoongi သည် အပူအပင်မရှိဘဲ အိပ်မောကျနေလေရဲ့။
တစ်ယောက်အိပ်ခုတင်ကိုပြိုင်တူကြည့်လိုက်ကြရာ သက်ပြင်းချသံတွေက တစ်ခန်းလုံးပျံ့နှံ့ ။" အဟမ်း ငါအိပ်တော့မယ် ''
" အိပ်လေ မင်းကိုဘယ်သူတားနေလို့လဲ ''
" အခန်းထဲရောက်တော့ စွာနေပြန်ပြီ မင်းကတော့ ဟားဟား ''
" ဘယ်မှာစွာနေလို့ ''
ဆိုကာ Jungkook အနားကပ်ပြီး ခါးထောက်ပြီး ပြောတော့ Jungkook ခဗျာ ထိုလူသားကြောင့် ရင်ခုန်သံမြန်လာပြန်လေသည်။ ထိုလူသားလည်း Jungkookနည်းတူ ရင်ခုန်နေတာကို သူသိလေမလား မသိလေကောင်းလေပါပဲ ဟုတ်တယ်မလား Jungkook ssi ။
" မင်းငါ့အသားကိုထိရဲထိကြည့် ခုတင်ပေါ်ကနေကန်ချပစ်မယ် တကယ်ကန်ချမှာ လာမစမ်းနဲ့ ''
" ငါကလည်းထိချင်လွန်းလို့များထင်နေလားမသိဘူး မင့်ကြီးတော် ခုတင်ကမင်းလိုသေးသေးလေး... ''
" ဟမ် မင်းဘာပြောချင်တာလဲ ''
" ကြားတဲ့အတိုင်းပဲ မင်းလိုခုတင်ကသေးသေးလေး ဟားဟား ''
" မင်းကိုငါလုပ်မိတော့မယ် ''
" ဟားဟား မင်းလိုသေးသေးလေးကများ ''
" သေးသေးလေးက်ို လာစမ်းတာပေါ့ ဟုတ်လား ငါ့အကြောင်းသိသွားစေရမယ် ''
ဆိုကာ Jungkook အပေါ်ကိုတက်ခွကာ လည်ပင်းညှစ်လိုက်တယ် Jungkook ကလည်း သူ့အပေါ်ကိုတက်ခွနေသော Jimin ရဲ့ဖင်ကို တဖြန်းဖြန်းရိုက်လေသည် ။
မအိပ်ခင်ထိတောင် စကားအချေအတင်ဖြစ်နေကြသော Jimin နဲ့ Jungkook ကို တရေးနိုးလာသော Yoongi က
"ဖြည်းဖြည်းလုပ်ကြကွ ခုတင်ကျိုးတော့မယ် ''
Yoongi စကားကြောင့် နှစ်ယောက်သားပြိုင်တူအော်လိုက်ကြသည်။
" Hyung! "
အော်သံကြောင့် အိပ်ပျော်နေကြတဲ့ Tae နဲ့ Hobi လည်းလန့်နိုးလာကြသည်။ အိပ်မက်ထဲ ဓားပြတိုက်ခံရသော Hobi က ဒူးထောက်ပြီး