Jungkook နိုးတော့ ဘေးနားတွင် Taeyeon ကိုတွေ့ပြီး လန့်သွားသည်။ ညတုန်းက အကြောင်းကိုတွေးတော့ ခေါင်းကိုက်လာသည် ဘာမှမမှတ်မိတော့ ။ Taeyeon ကိုမေးမှဖြစ်တော့မည်" Taeyeon Taeyeon ထတော့ ''
" ဟင် Jungkook က ဘယ်လိုလုပ်ပြီး ကျမနဲ့အတူ ခုတင်တစ်ခုထဲမှာ ရှိနေရတာလဲ ''
" ငါမသိဘူး မင်းမဟုတ်မှလွဲရော လုပ်ကြံတာလား ''
" အို စွပ်စွပ်စွဲစွဲ Jungkook ရယ် ''
" မင်းကမယုံရဘူးလေ ငါ့ကိုလိုချင်လို့လုပ်ကြံတာဖြစ်နိုင်တာပဲ ''
" အဟင်းဟင်း ကျမက ဘယ်လိုသတ္တိနဲ့လုပ်ကြံရဲပါ့မလဲ ''
"မင်းလည်းသိတယ်မလား ညတုန်းက Jiminလည်း ဒီ club မှာ အတူရှိတယ်ဆိုတာ ''
" Taehyung နဲ့အတူရှိနေတာလေ ''
" မင်းနဲ့ငါဘာမှမဖြစ်ခဲ့ကြဘူး ''
" ဟင် ရှင်လည်းအဝတ်မဲ့ ကျမလည်းအဝတ်မဲ့နေတာပဲ ဘာမှမဖြစ်ခဲ့ကြဘူး ဆိုတာ အဓိပ္ပာယ် ရှိရဲ့လား Jungkook ''
" ကိုယ့်ကိုယ်ကို သိတယ် Taeyeon ခုဘာမှမခံစားရဘူး ပုံမှန်အတိုင်းပဲ မင်းရောနာကျင်တာမျိုးမရှိဘူးမလား Taeyeon အသေးစိတ်ပြောပြစရာလိုသေးလား အဟက် ''
" ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့ ကောင်လေးကတော့ မြင်ပြီးသွားပြီ ''
" မင်းယုတ်မာလှချည်လား ဟမ် ''
" ငါ့ကိုတာဝန်ယူပါ ''
" ဘာမှမဖြစ်ခဲ့ဘူးဆိုတော့ တာဝန်ယူစရာမလိုဘူး ဖြစ်ခဲ့ကြတယ်ဆိုရင်တောင် တာဝန်မယူဘူး ရှင်းလား ''
" ဟင် ရှင်ဒီလိုလုပ်လို့ဘယ်ရမလဲ Jungkook ''
အဝတ်အစားတွေဝတ်ကာ Taeyeon ကို club တွင်ထားခဲ့ပြီး ထွက်လာလိုက်သည်။ Jimin ကိုရှင်းပြရမည် ဒူးထောက်သင့်ရင် ဒူးထောက်ပြီး တောင်းပန်ရမည်။
" Jimin ah စိတ်လျှော့ပါ မငိုနဲ့တော့နော် ''
Jungkook နဲ့ Taeyeon အခြေအနေကိုမြင်ပြီး ငိုနေတာ ခုထိ ။ နေမကောင်းဖြစ်မှာစိုးလို့ Taehyung ချော့ပြောသော်လည်း မရပေ။ အဖြစ်မှန်ကို ပြောပြချင်ပေမယ့် ပြောရင် အမေ့ကို ဆေးမကုပေးတော့ဘူး ဆိုသောကြောင့် မတတ်သာလို့ ငြိမ်နေရသည်။ Jimin ah ငါ့ကိုခွင့်မလွှတ်ပါနဲ့။