ဘုရားကျောင်းမှခေါင်းလောင်းသံကြောင့် Jimin လေးနိုးလာခဲ့သည်။
'' အူးဝါး ဒီနေ့လည်းကောင်းကောင်းမွန်မွန်နိုးလာတာပဲ အစ်ကိုလေး '' မိမိကိုနှိုးရန်လာသော အိမ်အကူကောင်မလေးထံမှပြောခြင်းဖြစ်သည်။
" ဟင် နင့်စကားကဘယ်လိုကြီးလဲ အရင်နေ့တွေက ကောင်းကောင်းမွန်မွန်နိုးမလာတာကျနေတာပဲ ''
အိမ်အကူကောင်မလေးမျက်နှာတစ်ချက်ပျက်သွားပြီး စိတ်ထဲမှာ လည်း Jimin ကိုကျိန်ဆဲနေမိလေသည် ။
သူ့ကိုသတိထားမိတဲ့ Jimin က ခါးထောက်ပြီး '' ဟိတ် ငါ့ကိုကျိန်ဆဲနေပြန်ပြီလား '' လို့ပြောတော့ အိမ်အကူကောင်မလေးလန့်သွားပြီး
" ဟင် အစ်ကိုလေး ဘယ်လိုသိတာလဲ ကျမကျိန်ဆဲနေတာ ''
Jimin ပြုံးလိုက်ပြီး '' ငါကထူးခြားတယ်လေ အဟက် '' ဆိုပြီးရေချိုးခန်းထဲသို့ဝင်သွားလေသည် ။ အိမ်အကူကောင်မလေးကထိုနေရာမှာကြောင်ပြီးရပ်နေလေတော့သည် ။
Jimin ရေချိုးပြီး မှန်ထဲမှာ ကိုယ့်မျက်နှာကို ကြည့်နေလိုက်တယ် ပါးစပ်ကနေလည်း '' ငါတော်တော်ချောတာပဲ ဟမ် ကြည့်စမ်း ငါကထူးခြားတာထဲမဟုတ်ပါလား ကျွတ် ကြည့်လေချောလေပဲ ''
နဖူးပေါ်ကျနေတဲ့ ဆံပင်ကို သပ်တင်လိုက်ပြီး ကျောင်းတက်ရန်ပြင်လိုက်လေသည် ။
အဆင်သင့်ဖြစ်တော့ အောက်ထပ်ကိုဆင်းလာလိုက်သည် အောက်ထပ်မှာ သူ့ကိုစောင့်နေတဲ့ ချစ်သူငယ်ချင်းလေးနှစ်ယောက် Hoseok နဲ့ Taehyung ။
Hoseokက '' Jimin ah မင်းကကျောင်းသွားမှာလား မော်ဒယ်သွားလျှောက်မှာလားပြော ''
သူ့ကိုမျက်စောင်းထိုးပြီး ပြောနေသော Hoseok ကို Jimin ကပြုံးပြလိုက်ပြီး
'' ကျောင်းသွားမှာလေ အဟက် ''
Taehyung ကတော့ ပုခုံးတစ်ချက်တွန့်လိုက်ပြီး
'' Hoseok မင်းမသိဘူးလား ဒီနေ့က King & Queen ပြန်ရွှေးမှာလေ အဲ့တာကြောင့် မလား Jiminie ''
" ဟုတ်တာပေါ့ ကဲသွားကြတာပေါ့ ''
နှစ်နှစ်ဆက်တိုက် king ဆိုတဲ့ ဂုဏ်ပုဒ်ကိုရထားသော Jimin တစ်ယောက် ဒီနှစ်မှာရော King ဖြစ်အုံးမှာလားး ။
YOU ARE READING
မင်းကိုမချစ်ဘူး ( Completed)
Fanfictionမင်းကို နာကျင်မှုတွေပဲပေးလို့ ငါ့ကို မချစ်ပါနဲ့