မောင်ဘာလို့ကျွန်မအပေါ်စိမ်းကားသွားတာလဲ အရင်လို ကျွန်မကို ဂရုစိုက်ပါအုံးလား ကျောင်းတက်တုန်းက မောင်ပေးခဲ့တဲ့ ဘောပင်လေးကို ကျွန်မအခုထိသိမ်းထားတုန်းပဲ သိလား မောင့်ဘက်ကစိမ်းကားသွားပေမယ့် ကျွန်မကတော့ အခုထိချစ်နေတုန်းပဲ မဟုတ်ပါဘူး မောင်က Park Jimin ရှိနေလို့သာ ကျွန်မအပေါ်စိမ်းကားသွားတာ ဟုတ်တယ် Park Jimin ကြောင့် ။" ရားးး Park Jimin ကိုမုန်းတယ် ရားးး ''
" သခင်မလေး သခင်မလေး စိတ်ထိန်းပါ ''
အခန်းထဲမှာရှိတဲ့ ပစ္စည်းတွေကို ပစ်ပေါက်သောကြောင့် အစေခံများက ဆွဲထားသော်လည်း မရပေ Taeyeon သည် သန်မာလှသည်။ Taeyeon ကိုထိန်းမရ၍ သခင်ကြီးကိုသွားခေါ်ကြသည်။
" သမီးရယ် ဘာဖြစ်တာလဲ ဖေဖေ့ကိုပြော ''
" သမီးလေ Park Jimin ကို သိပ်မုန်းတာပဲ သူရှိနေလို့ Jungkook က သမီးကိုစိမ်းကားသွားတာ အီး ဟီး ''
" ကျွတ် သမီးကိုပြောထားတယ်မလား ဖေဖေ့ကိုယုံကြည်ဖို့လေ ''
" ဖေဖေ့ကိုယုံကြည်ပြီးနေလာတာ အခုထိပဲ ဘာမှဖြစ်မလာဘူး Jungkook လည်း သမီးအနားမှာရှိမနေဘူး Park Jimin ကိုသာရှင်းပေးပါ ''
" ဟုတ်ပါပြီ Park Jimin ကိုရှင်းပြီးရင် ရတယ်မလား ''
" အင်း အင်း တောင်းဆိုပါတယ် ဖေဖေ ''
" ကဲ သမီးလေးလိမ္မာတယ် အိပ်တော့နော် ''
" ဟုတ် ''
သမီးလေးကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ သမီးလေးအတွက် တစ်ခုခုလုပ်မှဖြစ်တော့မယ် ။ဒီအတိုင်းဆိုသမီးလေးအတွက်အခြေအနေမကောင်းတော့ဘူး ။Kim သခင်ကြီးက တပည့်တစ်ယောက်ကို ခေါ်လိုက်ပြီး
" Park Jimin ဆီကို စာတစ်စောင်ရေးလိုက် Hoseokအသက်ရှင်သေးတယ်လို့ တွေ့ချင်ရင်တစ်ယောက်ထဲ အိမ်ကိုလာခဲ့လို့ ရေးလိုက် နခြားလူပါလာရင် Hoseokကို အသက်ရှင်လျက်တွေ့ရဖို့မမျှော်လင့်နဲ့လို့ ''
" ဟုတ် ပြောတဲ့အတိုင်း လုပ်ပါ့မယ် ''
#################################
" အစ်ကိုလေးအတွက်စာတစ်စောင်ရောက်လာတယ် ''
" ဘယ်သူ့ဆီကတဲ့လဲ ''
YOU ARE READING
မင်းကိုမချစ်ဘူး ( Completed)
Fanfictionမင်းကို နာကျင်မှုတွေပဲပေးလို့ ငါ့ကို မချစ်ပါနဲ့