ပွဲလည်းပြီးရော ကျောင်းသားများ ကိုယ်နဲ့ဆိုင်ရာအတန်းသို့ ပြန်သွားကြလေသည်။
" Jungkook ka ငါဖြင့်မယုံနိုင်သေးဘူး ဘယ်လိုလုပ်မင်းက king ရသွားတာလဲ ပြီးတော့ မင်းက ကျောင်းသားသစ်လေ ''
Yoongi က ရဲ့အပြောကို Jungkook က သဘောကျစွာရီလိုက်ပြ်ီး
" ငါကချောတယ်လေ ''
" အေးပါကွာ မင်းကလဲပြောလိုက်ရင်ချောတာပဲပြောနေတယ် ချောလို့ king ရကြေးဆိုရင် ငါထိပ်ဆုံးကရမှာကွာ ''
" စော်ကြည်အောင်လည်းနေတတ်ရမှာပေါ့ကွာ ဟားဟား မင်းကချေနေတော့ ကောင်မလေးတွေက ရှိန်နေကြတာလေ ''
Yoongiက Jungkook ပြောတာကို သဘောမကျဟန်နဲ့
" ချေတော့ပိုပြီးကြိုက်ကြမလားလို့လေ ဒီလိုကွာ ကောင်မလေးတွေက ဒီကောင်လေးက တည်ငြိမ်တယ် Jungkookလိုရည်းစားမများဘူး ဆိုပြီးတော့လေ ''
Jungkook က Yoongi ရဲ့ပုခုံးကို လှမ်းရိုက်လိုက်ပြီး
" တော်ပါကွာ အဲ့လိုပြောရင်လည်း ငါ့လိုချောလာမှာမဟုတ်ဘူး ''
ကျွတ် တော်တော်မာန်တက်တဲ့ကောင်ပါလား ကြည့်နေ ငါစော်တစ်ပွေခေါ်လာပြီး Jungkook ရှေ့ ro ပြမယ် ။
တစ်ဖက်မှာလည်း
" Jimin ah ဟို Jungkook ဆိုတဲ့ကောင်လေးက ချောတယ်နော် အရှည်ကြီးပဲ ဟီး ''
Taehyung က ပွဲကနေပြန်လာတဲ့လမ်းတစ်လျှောက် Jungkook အကြောင်းချည်းပြောနေတော့ Jiminနဲ့ Hoseok နားငြီးနေကြပြီဖြစ်သည်။ Jimin က
"ဘာရှည်တာလဲ ''
" အရပ်လေ ''
" ကျွတ် မင်းဘာဖြစ်နေတာလဲ မင်းသူ့အကြောင်းတွေချည်းပြောမှဖြစ်မှာလား ''
Taehyung က မျက်ခုံးပင့်လိုက်ပြီး
" မင်းကရော ဘာဖြစ်နေတာလဲ သူ့အကြောင်းပြောရင် ဒေါသထွက်နေတာကိုပဲကြည့်လေ ''
Hoseok ကလည်း '' အဲ့တာတော့ ဟုတ်တယ် မင်းအခုမျက်နှာတွေပါနီကုန်ပြီ ခုနကိစ္စကြောင့်လား ''
Jimin က သူ့မျက်နှာသူကိုင်လိုက်ပြီး ''အဲ ဟုတ်သား ငါဘာလို့ဒေါသထွက်နေတာလဲ မသိတော့ဘူးကွာ ငါပြန်နှင့်ပြီ ''
YOU ARE READING
မင်းကိုမချစ်ဘူး ( Completed)
Fanfictionမင်းကို နာကျင်မှုတွေပဲပေးလို့ ငါ့ကို မချစ်ပါနဲ့